Monday, April 20, 2015
အလီဘာဘာတည်ထောင်သူ
တရုပ်ပြည်က.အလီဘာဘာဆိုတာ.ကြားဖူးကြလား။
အလီဘာဘာဆိုတဲ့နာမည်ကိုကြားဖူးနေတာကြာပါပြီ။.စင်္ကာပူကလူငယ်တွေပြောနေကြတာ.မကြာခနကြားနေရတယ်။.ဒါပေမဲ့.အလီဘာဘာဆိုတာ.သူခိုးပုံပြင်ထဲကနာမည်မို့.စိတ်မဝင်စားခဲ့ဘူး။.နောက်ပြီး.အလီဘာဘာဟာ.တရုပ်ပြည်ကကုမ္ပဏီတခုမို့.ပိုလို့စိတ်မဝင်စားသေးတယ်။
လွန်ခဲ့တဲ့နှစ်.စက်တင်ဘာလကစပြီး.အလီဘာဘာကုမ္ပဏီက.အမေရိကန်ဒေါ်လာ(၂၅)ဘီလီယံဖိုးအစုရှယ်ယာတွေထုတ်ရောင်းတာကြောင့်.ကမ္ဘာပေါ်မှာ.ရှယ်ယာဈေးအမြင့်ဆုံးရောင်းတဲ့စံချိန်တင်သွားတယ်ဆိုတဲ့သတင်းရယ်၊.ကုမ္ပဏီပိုင်ရှင်.ဂျက်မား(Jack_Ma)ရဲ့ပိုင်ဆိုင်မှု.အမေရိကန်ဒေါ်လာ(၂၂)ဘီလီယံကြောင့်.တရုပ်ပြည်ရဲ့အချမ်းသာဆုံးလူတယောက်ဖြစ်လာတယ်.စတဲ့သတင်းတွေကိုအင်တာနက်နဲ့သတင်းစာတွေမှာ.တွေ့လာမိတော့.စိတ်ဝင်စားလာတယ်။.ဒါကြောင့်.အင်တာနက်.မဂ္ဂဇင်းတွေမှာရှာဖတ်ကြည့်တယ်။.ဖတ်ကြည့်တော့.စိတ်ဝင်စားဖွယ်အကြောင်းအရာတွေတွေ့ရတယ်။.မြန်မာလူငယ်တွေအားကျစရာ.အတုယူစရာတွေပါလို့.ရှယ်ပေးလိုက်ပါတယ်။
အလီဘာဘာကုမ္ပဏီဆိုတာရိုးရိုးလေးပြောရရင်.အင်တာနက်ကပစ္စည်းကြော်ငြာပြီးပစ္စည်းရောင်းတဲ့ကုမ္ပဏီပါ။.အလီဘာဘာအကြောင်းပြောရင်.ကုမ္ပဏီကိုထူထောင်ခဲ့တဲ့တက္ကသိုလ်ဆရာဂျက်မားအကြောင်းပြောမှပြည့်စုံမှာပါ။
ဂျက်မားကို(၁၉၆၄)ခုနစ်မှာ.တရုပ်ရိုးရာကဇာတ်အဖွဲ့ကအဖွဲ့သားလင်မယား၂ယောက်က.ဟန်ဂျူးမြို့လေးမှာ.မွေးဖွားခဲ့ပါတယ်။.ကျောင်းနေတော့.လူကောင်သေးလေးမို့.အတန်းသားတွေရဲ့စနောက်တာတွေအမြဲခံရတယ်။.လူကောင်သာသေးပေမဲ့.ဂျက်မားဟာ.ရန်ဖြစ်ရင်.သူ့ထက်လူကောင်ကြီးတဲ့လူငယ်တွေကို.မကြောက်မရွံတုံ့ပြန်တိုက်ခိုက်ရဲတယ်။
ဂျက်မားဟာ.အင်္ဂလိပ်စာအရမ်းတတ်ချင်တယ်။.ဒါကြောင့်.မနက်အစောကြီးထတယ်။.ကျောင်းမသွားခင်မှာ.စက်ဘီးလေးစီးပြီး.မြို့လည်ကနိုင်ငံခြားသားတိုးရစ်တွေတည်းခိုနေတဲ့ဟိုတယ်တခုကိုနေ့တိုင်းသွားတယ်။.တိုးရစ်တွေကို.မြို့အနှံ့လိုက်ပြပေးတယ်။.ပိုက်ဆံမယူဘူး။.သူကို.အင်္ဂလိပ်စကားပြောသင်ပေးဖို့.အပေးအယူလုပ်တယ်။.လူကောင်သေးသေးနဲ့.အရမ်းသွက်လက်တဲ့ဂျက်မားကို.တိုးရစ်တွေကလဲအရမ်းခင်ကြတယ်။..မကြာခင်ဂျက်ဟာ.ပိုက်ဆံစုပြီး.ရေဒီယိုတလုံးဝယ်လိုက်တယ်။.ရေဒီယိုကလာတဲ့အင်္ဂလိပ်စကားပြောတွေကို.နေ့တိုင်းနားထောင်တယ်။.လိုက်ဆိုကျင့်တယ်။.တိုးရစ်တွေဆီက.နေ့တိုင်းအင်္ဂလိပ်စာသင်ခဲ့တာ(၉)နှစ်ကြာခဲ့တယ်။
အဲဒီအချိန်တုံးက.တရုပ်ပြည်မှာ.အင်္ဂလိပ်စာတတ်သူ.အင်္ဂလိပ်စကားပြောတတ်သူဆိုတာအလွန်ကိုနဲပါးတယ်။.သူဘာကြောင့်.အင်္ဂလိပ်စာကိုလေ့လာချင်တာလဲ။.ကွန်မြူနစ်အစိုးရအုပ်ချုပ်နေပြီး.ကမ္ဘာကြီးနဲ့အဆက်ဖြတ်ထားတဲ့တရုပ်ပြည်ဟာ.တချိန်တံခါးဖွင့်လိုက်ရင်.သူလေ့လာထားတဲ့အင်္ဂလိပ်စာဟာ.သူ့အတွက်အကျိုးပြုလိမ့်မယ်ဆိုတာ.သူသိနေလို့ပါ။.ငွေကြေးမပြည့်စုံတဲ့ဂျက်မားဟာ.ပညာရေးကသာ.သူ့ကိုဆင်းရဲတွင်းက.လွတ်မြောက်နိုင်စေမယ်ဆိုတာ.ယုံကြည်တယ်။
ဂျက်မားဟာ.အင်္ဂလိပ်စာတော်ပေမဲ့.သင်္ချာဘာသာမှာညံ့တယ်။.တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့.သင်္ချာဘာသာမှာကျလို့ဝင်ခွင့်မရဘူး။.နောက်တကြိမ်ထပ်ဖြေတယ်။.သင်္ချာကြောင့်ထပ်ကျတယ်။.သင်္ချာဘာသာကို.အပြင်းအထန်ကြိုးစားပြီး.တတိယအကြိမ်ထပ်ဖြေမှ.ဝင်ခွင့်စာမေးပွဲအောင်သွားတယ်။.ဆရာဖြစ်သင်တက္ကသိုလ်တက်တယ်။.-၁၉၈၈ခုနှစ်မှာ.ဘွဲ့ရတယ်။.ဘွဲ့ရပြီး.ကုမ္ပဏီ၁၂ခု(KFCအပါအဝင်)မှာ.အလုပ်လျှောက်တယ်။.ကုမ္ပဏီတခုမှသူ့ကိုမရွေးဘူး။.နောက်ဆုံးမှ.တက္ကသိုလ်တခုမှာ.တလကို(၁၂)ဒေါ်လာ(မြန်မာကျပ်တစ်သောင်းနှစ်ထောင်)နဲ့အင်္ဂလိပ်စာသင်တဲ့ဆရာအလုပ်ရတယ်။.အင်္ဂလိပ်စာအသင်အပြကောင်းတဲ့သူ့ကို.ကျောင်းသားကျောင်းသူတွေက.အရမ်းချစ်ကြတယ်။
ဂျက်မားရဲ့ငယ်ဘဝကိုရေးပြရတာက.သူဟာမိဘချမ်းသာလို့အမွေရပြီးချမ်းသာလာတာမဟုတ်ဖူးဆိုတာသိစေချင်လို့ပါ။.ဂျက်ဟာ.လူကောင်လေးသေးပေမဲ့.ရည်မှန်းချက်က.တောင်ကြီးတခုလိုကြီးတယ်။.ခါကျဉ်ကောင်မာန်ကြီးပြီး.တောင်ကြီးဖြိုဖို့ကြံနေတယ်။.အခွင့်သာမဲ့အချိန်အခါကိုစောင့်နေတယ်။
(၁၉၉၀)ခုနစ်နောက်ပိုင်းမှာ.တရုပ်ပြည်ကြီးဟာ.ကမ္ဘာကိုတံခါးဖွင့်ပေးလိုက်တယ်။.နိုင်ငံတကာကိုထုတ်ကုန်တွေတင်ပို့ရင်း.တရုပ်ပြည်ဟာ.စီးပွားရေးတဟုန်ထိုးတိုးတက်လာခဲ့တယ်။.ဂျက်မားဟာ.ကျောင်းဆရာအလုပ်ကထွက်လိုက်ပြီး.တရုပ်စာကိုအင်္ဂလိပ်ဘာသာပြန်ပေးတဲ့ကုမ္ပဏီတခုထောင်လိုက်တယ်။
(၁၉၉၅)ခုနှစ်မှာ.ဂျက်မားဟာ.သူ့ရဲ့ဘာသာပြန်ကုမ္ပဏီကိစ္စနဲ့အမေရိကန်နိုင်ငံကို.ပထမဆုံးအကြိမ်ရောက်သွားတယ်။.သူ့သူငယ်ချင်းက.ကွန်ပြူတာကနေ.အင်တာနက်ဖွင့်ပြပြီး.လိုချင်တဲ့ပစ္စည်းကိုအင်တာနက်ကဝယ်လို့ရတယ်လို့ပြောတယ်။.သူက.တရုပ်ဘီယာကိုရှာကြည့်တယ်။.မတွေ့ပါဘူး။.သူအံ့သြသွားတာက.တရုပ်ပြည်ကထုတ်တဲ့ပစ္စည်းတခုမှ.အင်တာနက်မှာရှာမတွေ့ဘူး။
အမေရိကန်ကပြန်လာတယ်။.သူ့အိမ်ကိုပြန်ရောက်တော့.တရုပ်ပြည်ရဲ့တခုတည်းသောအင်တာနက်ကပစ္စည်းရောင်းတဲ့China_Pagesဆိုတဲ့websiteကိုဝင်ကြည့်တယ်။.တင်ထားတဲ့ပစ္စည်းတွေက.မစုံသလို.အားလုံးတရုပ်စာနဲ့ရေးထာတယ်။.တရုပ်စာနဲ့ရေးထားတဲ့ပစ္စည်းကို.တရုပ်စာမဖတ်တတ်တဲ့နိုင်ငံတွေက.ဘယ်မှာဝယ်ပါ့မလဲဆိုတဲ့အတွေးတခု.သူ့ခေါင်းထဲပေါ်လာတယ်။
အဲဒီမှာ.ဂျက်မားတယောက်.အခွင့်အလမ်းတခုကိုစပြီးစဉ်းစားလိုက်မိပြီ။.အခွင့်အလမ်း(opportunity)ဆိုတာ.အရံသင့်ရွှေလင်ပန်းနဲ့ပေးလာတာမဟုတ်ပါဘူး။.ဒါပေမဲ့စိတ်ရှည်ရှည်နဲနှစ်ပေါင်များစွာ့စောင့်နေခဲ့တဲ့ဂျက်အဖို့ကတော့.ဒါဟာကြီးပွားမဲ့လမ်းစတခုဆိုတာသိနေတော.ရတဲ့အခွင့်အလမ်းကိုအမိအရဖမ်းဆုတ်ဖို့ပြင်ဆင်တော့တယ်။
နောက်၎နှစ်အကြာ(၁၉၉၉)ခုနှစ်.အောက်တိုဘာလမှာ.ဂျက်မားဟာ.သူ့သူငယ်ချင်း၁၇ယောက်ကိုသူအိမ်ကိုခေါ်.ထမင်းစားဖိတ်ကျွေးပြီး.သူတည်ထောင်မဲ့အင်တာနက်ကုမ္ပဏီမှာ.အစုငွေထဲ့ဝင်ကြဖို့ပြောတယ်။.ပထမတော့.အားလုံးဟာ.အင်တာနက်အကြောင်းနဲနဲလေးပဲသိတဲ့ဂျက်ရဲ့လုပ်ငန်းကိုမယုံကြဘူး။.ဒါပေမဲ့.စိတ်အားထက်သန်ပြီးရည်မှန်းချက်ကြီးတဲ့ဂျက်ရဲ့ဆွဲဆောင်မှုကြောင့်.နောက်ဆုံးအစုငွေတွေထဲ့ကြတယ်။.ရင်းနှီးမတည်ငွေ.အမေရိကန်ဒေါ်လာ၆သောင်းရလိုက်တယ်။.Websiteတခုထောင်တယ်။.ဂျက်မားဟာ.ကွန်ပြူတာပရိုဂရမ်အကြောင်းဘာမှမသိသေးပါဘူး။.ဒါပေမဲ့သူ့ရဲ့အားသာချက်က.တရုပ်စာကိုအင်္ဂလိပ်လိုကျွမ်းကျွမ်းကျင်ကျင်ဘာသာပြန်တတ်တယ်။.သူလိုချင်တဲ့websiteပုံစံရအောင်.သူ့သူငယ်ချင်းကွန်ပြူတာကျွှမ်းကျင်သူတွေကို.လုပ်ခိုင်းတတ်တယ်။.အလီဘာဘာနာမည်နဲ့ကုမ္ပဏီထောင်လိုက်တယ်။.သိတ်မကြာခင်မှာပဲ.နိုင်ငံတချို့က.သူတို့လိုချင်တဲ့ပစ္စည်းတွေလှမ်းမှာတယ်။.ဂျက်မားတို့က.ပစ္စည်းရောင်းတဲ့ဆိုင်တွေကိုအကြောင်းကြားပြီး.မှာတဲ့နိုင်ငံကိုပို့ခိုင်းတယ်။.အလုပ်ဖြစ်ရင်ဝန်ဆောင်ခCommissionယူတယ်။
သိတ်မကြာခင်မှာပဲ.အမေရိကန်ကရင်းနီးမြုပ်နံမှုဘဏ်ကြီးGoldman_Sachsက.ဒေါ်လာ(၅)သန်းနဲ့ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီးSoftBankကဒေါ်လာသန်း(၂၀)ကို.အလီဘာဘာမှာထဲ့ဝင်ကြတယ်။.-၂၀၀၅ခုနှစ်မှာ.Yahooက.ဒေါ်လာတစ်ဘီလီယံရင်းနှီးမြုပ်နှံလာပြန်လို့.အလီဘာဘာရဲ့ရင်းနှီးမြုပ်နှံငွေဟာ(၁၀)ဘီလီယံထိရှိလာခဲ့တယ်။
အလီဘာဘာဟာ.ပစ္စည်းဝယ်စုထားပြီး.အင်တာနက်ကအမြတ်နဲ့ပြန်ရောင်းနေတဲ့Amazonတို့.eBayတို့နဲ့မတူပါဘူး။.ပစ္စည်းဝယ်ချင်သူနဲ့ပစ္စည်းရောင်းသူချင်းဆက်သွယ်ပေးလိုက်ပြီး.အလုပ်ဖြစ်ရင်ပွဲစားခယူတဲ့ပွဲစားကုမ္ပဏီမျိုးပါ။.ပွဲစားကုမ္ပဏီက.ဘာလို့များ.အခုလိုကမ္ဘာသိအောင်မြင်ခဲ့တာလဲ။.တရုပ်ပြည်က.ဈေးသက်သာတဲ့ပစ္စည်းဝယ်ချင်တဲ့အနောက်ကမ္ဘာကြီးတခုလုံးရှိနေတယ်။.သဘောက.ဘီလီယံချီတဲ့ဈေးကွက်ကြီးရှိနေတယ်။.ထိုနည်းတူ.စီးပွားရေးကောင်းလာလို့.ချမ်းသာတဲ့တရုပ်လူမျိုးသန်းပေါင်းများစွာကလဲ.အနောက်နိုင်ငံထုတ်Brandedပစ္စည်းအကောင်းစားတွေဝယ်ချင်တယ်။.စကားပြောမတူကြတဲ့လူ၂မျိုးကို.ကြားခံဆက်သွယ်ပေးနိုင်ပြီး.ရောင်းသူရော.ဝယ်သူပါစိတ်ကျေနပ်အောင်လုပ်ပေးနိုင်ခဲ့လို့ပါ။.ဂျက်မားရဲ့Businessကျွမ်းကျင်မှုနဲ့.Riskယူရဲတတ်တာတွေကလဲ.ကုမ္ပဏီရဲ့အာင်မြင်မှုမှာအဓိကကျခဲ့ပါတယ်။.ယနေ့.အလီဘာဘာကုမ္ပဏီရဲ့ပိုင်ဆိုင်မှုဟာ.အမေရိကန်ဒေါ်လာ(၁၆၀)ဘီလီယံဖြစ်နေပါပြီ။
နောက်ဆုံးအနေနဲ့.လူငယ်တွေအတွက်မှတ်သားစရာလေးတခုပြောပြချင်ပါတယ်။.မဂ္ဂဇင်းအင်တာဗျူးတခုမှာ.တက္ကသိုလ်တက်တုံးကချစ်ကြိုက်ခဲ့ကြပြီး.လက်ထပ်ခဲ့တဲ့သူ့မိန်းမချောချောZhang_Yingက.အခုလိုပြောပြခဲ့ပါတယ်။."မားဟာ.-ရုပ်မချောပါဘူး။.ဒါပေမဲ့.သူ့မှာရုပ်ချောသူတွေမလုပ်နိုင်တာတွေကိုလုပ်နိုင်တဲ့အရည်အချင်းရှိတယ်။.အဲဒီအရည်အချင်းကိုသဘောကျလို့.သူ့ကိုကျမလက်ထပ်ခဲ့တာပါ"တဲ့။.ကြားကြရဲ့လား။.သူမလက်ထပ်တုံးက.ဂျက်ဟာ.တနေ့ဒီလောက်ချမ်းသာလာမယ်လို့.မမျော်လင့်ခဲ့ပါဘူး။.ဒါပေမဲ့.ဂျက်ရဲ့အရည်အချင်းကြောင့်အများကြီးတက်လမ်းရှိတယ်ဆိုတာ.သူမသိနေခဲ့တယ်။
အလီဘာဘာနဲ့ဂျက်မားတို့ရဲ့စိတ်ဝင်စားဖွယ်အခြားအချက်များ။
၁။.ဂျက်မားရဲ့အရပ်ဟာ၅ပေပဲရှိတယ်။.လူရွှင်တော်ဗေလုဝနဲ့တူသလို.ဗေလုဝလိုပဲလူကောင်သေးသေးလေးပါ။
၂။.အလီဘာဘာဆိုတာ.Alibaba_Groupကိုပြောတာဖြစ်ပြီး.အဲဒီGroupအောက်မှာ.Taobaoရယ်.Tmailရယ်.Alibabaဆိုပြီး.ကုမ္ပဏီ၃ခုနဲ့ဖွဲ့စည်းထားတာပါ။
၃။.အလီဘာဘာဆိုတဲ့နာမည်ကို.ဂျက်မားက"အလီဘာဘာနဲ့ခိုးသားလေးဆယ်"ကမ္ဘာကျော်အာရပ်ပုံပြင်ထဲကယူလိုက်တာပါ။.သူ့ရည်ရွယ်ချက်က.ကမ္ဘာကျော်ကုမ္ပဏီဖြစ်အောင်လို့ကမ္ဘာသိပုံပြင်ထဲကနာမည်ကိုယူသုံးလိုက်တာပါ။
၎။.အလီဘာဘာရဲ့ကုမ္ပဏီwebsiteတွေကို.ဝင်ကြည့်သူတွေဟာ.တနေ့လူပေါင်းသန်း(၁၀၀)ရှိပါတယ်။
၅။.ဂျက်မားဟာ.Harvard_Universityမှာတက်ခွင့်ရဖို့လျှောက်တာ(၁၀)ကြိမ်ရှိခဲ့ပြီး.အကြိမ်တိုင်းအပယ်ခံခဲ့ရပါတယ်။
၆။.ဂျက်မားရဲ့နာမည်ရင်းက.Ma_Yun(မားယွန်း)ပါ။.ဂျက်ဆိုတဲ့အင်္ဂလိပ်နာမည်ကို.သူငယ်ငယ်က.မိတ်ဆွေဖြစ်ခဲ့တဲ့တိုးရစ်တယောက်ကပေးခဲ့တာပါ။
၇။.ဂျက်ဟာ.တရုပ်တိုင်ချီသိုင်းကစားတာကို.အလွန်ဝါသနာပါလို့.နေ့တိုင်းလေ့ကျင့်ပါတယ်။
၈။.ဝန်ထမ်း(၁၅)ယောက်နဲ့စခဲ့တဲ့အလီဘာဘာဟာ.အခုဝန်ထမ်းပေါင်းသုံးသောင်းကျော်ရှိနေပါပြီ။
၉။.ဂျက်မားရဲ့အင်္ဂလိပ်စကားပြောဘယ်လောက်ကောင်းသလဲဆိုတာသိချင်ရင်.Jack_Ma_Davos_Interviewဆိုတဲ့စကားလုံးကို.Youtubeမှာရိုက်ထဲ့ပြီး.ဖွင့်ကြည့်လိုက်ပါ။
Credit - Thein Pe
Thursday, April 16, 2015
မိန်းကလေးတယောက်နဲ့ ရည်စားဖြစ်နိုင် မဖြစ်နိုင် ဘယ်လိုသိနိုင်မလဲ ??
မိန်းကလေးတယောက်နဲ့ ရည်စားဖြစ်နိုင် မဖြစ်နိုင် ဘယ်လိုသိနိုင်မလဲ ??
၀၁. တစ်ယောက်နဲ့တစ်ယောက် ဖုန်းနံပါတ်၊ FB Account တွေကို သိတယ်။
၀၂. တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဘယ်လိုလူမျိုးကို ကြိုက်လဲလို့ မေးကြည့်ဖူးတယ်။
၀၃. ၁ပတ်မှာ ၄ ရက်လောက် တွေ့ရတဲ့အခြေအနေရှိတယ်။
၀၄. ရည်စား၊ချစ်သူ ရှိလားလို့ မေးခံရဖူးတယ်။
၀၅. တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဝါသနာက ဘာဖြစ်တယ်ဆိုတာကို သိပြီးပြီ။
၀၆. မုန့်၊ အအေးကို သူနဲ့အတူတူ မျှသောက်ဖူးတယ်။
၀၇. သူက အိမ်အထိ လိုက်ပို့ပေးဖူးတယ်။
၀၈. သူဆီက လက်ဆောင်တွေ ရဖူးတယ်။
ကဲ အပေါ်ကအချက်တွေထဲမှာ ၄ ချက်အထက် ပါနေပြီဆိုရင်တော့ မြန်မြန်လေးသာ ဖွင့်ပြောလိုက်တော့နော့ . အဖြေပြန်ရဖို့ ၉၀ ရာနှုန်းသေချာနေပါပြီ . ကျန်တဲ့ ၁၀ ရာနှုန်းကတော့ မိန်းကလေးကို မူခွင့်ပေးလိုက်ပါ . :D :D
.
~ #GaRa ~
.
Facts Credit : GOOGLE
Tuesday, April 14, 2015
ကျွန်တော့်ရဲ့ သစ္စာ ][ ကျွန်တော့်ရဲ့ သစ္စာ
Idea Credit is given
*** Idea Credit is given ***
Zawgyi Version
===========
Unicode Version
============
ကျွန်တော်ရည်စားနဲ့ ကျွန်တော်ချစ်သူသက်တမ်း (၁)-နှစ်ပြည့်တော့ ကောင်မလေးအိမ်က တွေ့ချင်တယ်ဆိုပြီး အိမ်လည်ခေါ်တာပေါ့။💑 သွားတွေ့တာ တော်တော်လေး အဆင်ပြေပါတယ်.. ယောက္ခမလောင်းကြီးကလည်း ဖော်ဖော်ရွေရွေပါပဲ။👨👩👧👧 အဲ... ကျွန်တော်တစ်ခုသတိထားမိတာက ကျွန်တော့်ရည်းစားရဲ့ ညီမပဲ။ 👯 အိမ်စသွားတဲ့နေ့ကတည်းက နည်းနည်း ဟော့ရှော့ဆန်တယ်ပေါ့။ အဲ့လိုပဲထင်မိရာက နောက်ပိုင်းနောက်ပိုင်းတွေ့မိတဲ့ အခေါက်တွေမှာ ကျွန်တော့်ကို အထာပေးသလိုလိုမျိုး ခံစားရလာတယ်။ အနေအထိုင် အပြောအဆိုကိုက မထိတထိနဲ့၊ အဝတ်အစားကလည်း ကျွန်တော်ရှေ့ဆို ပိုပြီးမလုံ့တလုံ။
တစ်နေ့ ကျွန်တော့်ကောင်မလေးကို တွေ့ချင်လို့ ညနေဘက်လောက် အိမ်သွားလည်တာ.. တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ရည်းစား မိသားစုက အပြင်သွား၊ ညီမလုပ်တဲ့လူတစ်ယောက်ထဲရှိနေတာ..။ ကျွန်တော်လည်း အထိုက်အလျှောက်ထိုင်ပြီး ပြန်မလို့.. အဲ့မှာတင် အဲ့ကောင်မလေးက ဖွင့်ပြောပါလေရော.. "ကျွန်တော့်ကို မြင်ကတည်းက ချစ်မိတဲ့အကြောင်း၊ သူ့ကြောင့်တော့ အစ်မတို့ချစ်သူရေးကို မထိခိုက်စေချင်တဲ့အကြောင်း၊ ဒီတခ်စ္သူကလည္း စ်ညတော့အိမ်မှာ ၂-ယောက်ထဲရှိတုန်း ပထမဆုံးနဲ့နောက်ဆုံး သူ့ဆန္ဒကိုဖြည့်ပေးဖို့အကြောင်း"💞💞 .. ကျွန်တော် တော်တော်ထူပူသွားတယ်..။ ပြီးတော့ ကောင်မလေးက မလုံ့တလုံ၊ စကပ်တို လည်ဟိုက်..။ ပြောပြောဆိုဆိုနဲ့ မီးမှောင်ချလိုက်ပြီး ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာပါလေရော..။💗
ကျွန်တော် စဉ်းစားတယ်..၊ စဉ်းစားတယ်...။ ဒီတစ်ချိန် ဒီတစ်ခါတော့ နှစ်ဦးနှစ်ဘက်လည်း အဆင်ပြေအောင် စိတ်အလို လိုက်ရမလား..။ ကျွန်တော်ချစ်သူအပေါ်မှာ သစ္စာမဲ့ရာရောက်မလား..။ ၁-မိနစ်လောက်ကြာတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး ရင်ခွင်ထဲရောက်နေတဲ့ သူ့ကို ဖယ်ပြီး ချာကနဲ အိမ်ထဲကနေထွက်လာလိုက်တယ်..။🏃 ခြံဝမှရပ်ထားတဲ့ ကားဆီကို အပြေးတပိုင်းနဲ့ သွားပြီး ကားထဲဝင်မလို့လုပ်တုန်းမှာ🚘.. လှမ်းတွေ့လိုက်ရတာက
ကျွန်တော်ချစ်သူ မိသားစု။ ယောက္ခမလောင်းကြီးက ပြုံးလို့။ ကျွန်တော် ချစ်သူကလည်း မျက်ရည်တွေတောင်ဝဲလို့..။ သူ့အမေကတော့ပြောရှာတယ်.. သမီးရေ ညည်း ယောက်ျားကောင်းရပြီမှတ်..တဲ့..။ အိမ်ထဲကသူ့ညီမလည်း လုံလုံခြုံခြုံနဲ့ထွက်လာပြီး ဇာတ်ပေါင်းလိုက်တော့ ကျွန်တော်လည်းဇာတ်ရည်လည်သွားတယ်..။✔️
တော်သေးတာ... "ကားထဲမှာ ကျန်ခဲ့တဲ့ကွန်ဒုံး ပြေးလာယူတယ်" ဆိုတာ ကျွန်တော်မပြောပြတော့ဘူး..။❌❌❌😁😁😁
Monday, April 13, 2015
ကွန်.........ကွန်နက်ရှင်ကောင်းမှဖတ်နော်
>> ဒါ ဘာ ဆေး တုန်း ……
>>> ဒါ ...... ဒါ ...... ကော် ...... ကော် ...... ကော် ...... ကော် ဒ ရုန်း [CORDARONE] ပါ
>> အွင် ...... ဘာ ကြီး တုန်း ……
>>> နှ …… နှ …… နှ လုံး ဆေး ပါ ……
>> ဘာ ...... နှာ လုံး ဆေး ဟုတ် လား …… ဟ …… တက် စ တို စ တီ ရုန်း [TESTOSTERONE] ဆို တာ နဲ့ ဒီ ကော် ဒ ရုန်း [CORDARONE] ဆို တာ ရုန်း “RONE” ချင်း တူ နေ တယ်
ဒါ ဆို သူ လည်း ရုန်း မယ့် သ ဘော သ ဘာ ဝ ရှိ တယ် ……
နှာ လုံး ဆေး လို့ လည်း ပြော တယ် …… မ ရ ဘူး …… မ ရ ဘူး ……
>> ဒါ က ရော ……
>>> ကိုယ် …… ကိုယ် …… ကိုယ် ဝန် ……
>> ဟာ မ ရ ဘူး …… ကိုယ် ဝန် ဆို တဲ့ နာ မည် ပါ ရင် မ ရ ဘူး ……
>>> [ကိုယ် ဝန် ဆောင် အား တိုး ဆေး လို့ တောင် ဆုံး အောင် ပြော ခွင့် မ ရ ပါ လား ကွယ်]!
>> ကဲ ဟို ဟာ တွေ က ရော ဘာ တွေ လဲ ကွ ……
>>> အာ့ ...... အ ဘ ထ ……
>> ဟ …… တ ဖြည်း ဖြည်း ပို ဆို လာ နေ ပါ လား …… ခက် တော့ နေ ပြီ ……
>>> ဒါ က နှာ …… နှာ ……
>> ဘာ မှ အ တွန့် မ တက် နဲ့ …… မ သိ ဘူး ထင် လို့ လား ……
>>> [တော် တော် လေ့ လာ ထား တာ ပဲ …… လွဲ နေ တာ လေး တစ် ခု ပဲ …… ရှင်း လေ ရှုပ် လေ …… ဟုတ် တော့ ဟုတ် နေ ပြီ]
>> ဟို အ နောက် ဘက် က ရော …… ဘာ ဗူး လည်း …… အ ထဲ မှာ ဘာ တွေ ပါ လည်း ……
>>> အဲ ဒါ က …… ကွန် …… ကွန် …… ကွန် ……
>> ဟာ …… ပို ဆိုး သွား ပြီ ……ကွန် ပါ လို့ က တော့ နာ ပြီ သာ မှတ် ပေ တော့ ……
အ ရိပ် အ ခြေ ဘာ မှ မ သိ လို့ က တော့ …… လာ ထား ……
>>> မ ဟုတ် ဘူး …… ကျွန် တော် ရှင်း …… ရှင်း …… ရှင်း ……
>> ဘာ မှ လာ ရှင်း မ နေ နဲ့ ……
>>> မ ရှင်း ပြ တော့ ပါ ဘူး …… ဒီ ဗူး တွေ …… ဆ ရာ တို့ အ တွက် သာ ယူ သွား ပါ တော့ …… အ သုံး တည့် ရင် ပေါ့ ……
>> ဘာ ရယ် ……
>>> ဟုတ် တယ် လေ …… အဲ ဒါ က …… က လေး တွေ ကျောင်း ပြန် ဖွင့် ရင် သုံး ဖို့ ဝယ် ထား တဲ့ ကွန် ပါ ဗူး တွေ …… မ သိမ်း ရ သေး တာ ……
>> မင်း …… မင်း …… မင်း …… ခု နေ က ပြော တော့ ကွန် …… ဆို ……
>>> ကျွန် တော် စ ကား ဆုံး အောင် ရှင်း ပြ ခွင့် ရ လို့ လား ……
>> မင်း ကွာ ……
-
-
-
-
-
-
>>> “ကွန်” နဲ့ စ တိုင်း “ဒုံး” နဲ့ ဆုံး ရ မယ် လို့ ဘယ် သူ က များ သင် ထား ပေး ကြ တာ တုန်း …… လို့ …… မ မေး ချင် တော့ လောက် အောင် စိတ် နဲ့ ငါ နဲ့ ညစ် ရ ပါ တယ် …… ဗျာ တို့ ရယ်!
Blogger တွေရဲ့တိုက်ကွက်အသစ်
၂) ပို့တစ်ခုကို facebook ပေါ် share ခါနီး မိမိကြိုက်ရာပုံသုံးနိုင်တယ် ဆိုတာပါပဲ
ဒါကိုမှမသိပဲ link တွေကိုနိုပ်မယ်ဆိုရင်တော့ သင်ရဲ့တဏှာဟာကျုပ်အတွက် ပိုက်ဆံပေါ့ဗျာ။
Unicode
----------
Blog တစ်ခုအောင်မြင်ဖို့ဆိုတာ Traffic လိုပါတယ်။ Traffic ဆိုတာကိုယ့်စာမျက်နှာကိုဘယ်နှစ်ယောက်ဝင်ကြည့်လဲဆိုတာပါ။ Traffic များရင်ကြော်ငြာကာင်းကောင်းရပါတယ်။
Blog တွေအောင်မြင်ဖို့ဆိုတာကိုယ့်ပို့ကို social media ကနေ link ပေးပြီးဝင်ကြည့်ခိုင်းရတာကများပါတယ်။ နောက်ပိုင်း internet connection မကောင်းတာရယ် မြန်မာ facebook users တွေဝါရင့်လာတာရယ်ကြောင့်တော်တော်များများက link တွေ့တိုင်းမနိုပ်တော့ပါဘူး။
ဒါကြောင့်  blog တော်တော်များများကျရှုံးကုန်ပါပြီ။ Blogger တွေရဲ့နောက်ဆုံးတိုက်ကွက်ကတော့ မိမိ blog post ကိုလူကြည့်များအောင် ညစ်ညမ်းပုံတွေသုံးတာပါ။
ဒီနေရာမှာတစ်ခုပြောပြချင်တာက
၁) blog ပို့တစ်ခုရဲ့ link name ကို ကိုယ်ကြိုက်ရာပေးနိုင်တာပါ၊
ဥပမာ - panda-media.blogspot.com/ilovepanda
၂) ပို့တစ်ခုကို facebook ပေါ် share ခါနီး မိမိကြိုုက်ရာပုံသုံးနိုင်တယ် ဆိုတာပါပဲ
အောက်မှာဥပမာပုံလေးပြထားပါတယ်၊
တကယ်လည်းဝင်ကြည့်ရော ချောချောကောင်းမလေးမတွေ့ပဲ ပေါက်ကရပို့တွေဆီရောက်သွားတာပါ။
ဒါကိုမှမသိပဲ link တွေကိုနိုပ်မယ်ဆိိုရင်တော့ သင်ရဲ့တဏှာဟာကျုပ်အတွက် ပိုက်ဆံပေါ့ဗျာ။
bloggers တွေကိုလည်းဒီလိုနည်းတွေမသုံးပဲ လူစိတ်ဝင်စားအောင်ရေးကြပါလို့တိုက်တွန်းပါရစေ။ စိတ်မဝင်စားတာကို အတင်းဖတ်ခိုင်းရင်လည်း အကုသိုလ်များတယ်ဗျ။
Tuesday, April 7, 2015
အများပိုင် အများဆိုင်ပစ္စည်း
မီးလုံး
"မီးကွေးမီးလုံးတစ်လုံးပေးပါ။" မီးကင်းသမားလေးတစ်ယောက် ညနေပိုင်းမှာ လာဝယ်တယ်။
"အာမခံပါတာ ဝယ်လေ။ တမြန်နေ့ကမှ တစ်လုံးဝယ်ထားတာ မဟုတ်လား။ အာမခံနဲ့ဆို ကျွမ်းသွားရင် အသစ်နဲ့ ပြန်လာလဲလို့ရတယ်။" ဆိုင်ကအရောင်းစာရေးလေးက ရှင်းပြရှာတယ်။
"အကို ကျွန်တော့အိမ်အတွက် မဟုတ်ဘူး၊ မီးကင်းအတွက်၊ ခုဝယ်ရတာလဲ ကျွမ်းလို့ မဟုတ်ဘူး။ ခိုးခံရလို့၊ အာမခံပါလည်း ခိုးခံရရင် အသစ်ဝယ်ရတာပဲ။ အာမခံမပါလည်း အတူတူပဲ၊ အိမ်အတွင်းထဲအတွက်တော့ အာမခံက ပိုသင့်တော်မှာပေါ့၊"
ကိုယ်လည်း စချင်နောက်ချင်စိတ်လေးပေါ်လာလို့ ကြားဖြတ်လှမ်းနောက်လိုက်ပါတယ်။ " ရေအိုးစင်မှာလို ရေခွက်ကို သံကြိုးချည်ထားပေါ့"လို့
ပိုဆိုးသွားပြီ။ "ဆရာစမ်းပြီးပြီ။ မီးကွေးအလိမ်ကြားထဲ သံကြိုးထည့် သော့ခတ်ထားလိုက်တာ မီးလုံးကို ခွဲသွားလို့ ဖန်ကွဲစတွေ အများကြီး မီးကင်းတဲပေါ်မှာ၊ မနည်းရှင်းယူရတယ်"
.
ကျောင်းဝင်းထရံ
"အလှူခံပါခင်ဗျ" "ဘာအတွက်အလှူခံလဲဗျ" "ကျောင်းဝင်းထရံကာဖို့ပါ"
"မနှစ်ကလည်း ဝင်းထရံကာဖို့ဆို အလှူခံသေးတယ်နော်" "ဟုတ်ပါတယ်၊ အနီးအနားကလူတွေ ကျောင်းပိတ်ချိန် လူမရှိတုန်း ကျောင်းထရံအကာတွေကို ဖြုတ်ပြီး ထင်းမီးစိုက်လိုက်ကြတယ် ထင်တယ်၊ ခု ဝင်းထရံတော်တော်ပျက်စီးနေလို့ ကျောင်းက ကလေးတွေ လုံခြုံဖို့ ပြန်ကာရမှာမို့ပါ" "ဟာဗျာ ကျောင်းဝင်းထရံကို မီးစိုက်ဖို့သုံးတယ်။ ထင်းဆိုတာ ဘယ်လောက်တန်လို့လဲ။ ဝင်းထရံက ပြန်ကာရင်မနည်းကုန်မှာကိုဗျာ၊ ပြီးတော့အများစုပေါင်ူလှူထားတဲ့ အများပိုင်ပစ္စည်းကိုဗျာ"
.
သောက်ရေအိုးစင်က ရေခွက်၊ မီးရထားသံလမ်းနဲ့ ဘေလီတံတားမှ မူလီ်(Nut)များ ဖြုတ်ယူရောင်းစားခြင်း၊ တယ်လီဖုန်းလိုင်းကြိုးများ ဖြုတ်ရောင်းစားခြင်း၊ အများအတွက်ရည်ရွယ်ထားတဲ့ ပစ္စည်းများကို ကိုယ်အကျိုးအတွက်သုံးစွဲခြင်း၊ ဖြုတ်ယူမရအောင်လုပ်ထားပါက ဖျက်ဆီးခြင်းများဟာ နေရာအတော်များများမှာ တွေ့နေရပါတယ်။ မီးလုံး၊ ရေခွက်ဆိုလျှင် သူ့အသုံးအတိုင်းပြန်သုံးဖို့ ယူတာဖြစ်ပြီး ဝင်းထရံသစ်သားမျိုးကို ခွာယူထင်းစိုက်တာမျိုးကျတော့ မသုံးသင့်တဲ့အသုံးပြုမှုမျိုးဖြစ်ပါတယ်။ မီးရထားသံလမ်း၊ တံတားမှ မူလီများကျ ပိုဆိုးသွားပါတယ်။ ဖြုတ်ခိုးရောင်းစားရင် အလေးချိန်နဲ့သာရောင်းလို့ရနိုင်ပြီး သူခိုးဈေးနဲ့ပါ ဝယ်ကြလို့ ပိုက်ဆံအနည်းငယ်သာ ခိုးရောင်းစားသူတို့ ရနိုင်ပါတယ်။ ဒါပေမယ့် ထိုတံတား၊ သံလမ်းများကို အသုံးပြုရသော လူတွေအတွက် အသက်အန္တရာယ်အများကြီးဖြစ်ပေါ်စေနိုင်ပါတယ်။ အများပိုင်ပစ္စည်းဆိုလျှင် တန်ဘိုးမထားတတ်သလို အလွဲသုံးစားဖို့လည်း ဝန်မလေးတာကို တွေ့ရပါတယ်။ တကယ်တမ်းက အများအတွက်ရည်ရွယ်တဲ့၊ အများပိုင်တဲ့ ပစ္စည်းဆို ပိုတန်ဘိုးထား ထိန်းသိမ်းရမှာပါ။ အဲဒီပစ္စည်းတွေက လောကကိုပိုအကျိုးပြုတတ်လို့ပါ။ တို့တိုင်းပြည်မှာ အဲဒီကိစ္စလည်း ပြင်ရမယ့်အချက်ပါပဲ။
Credit - Tun Tun
ကျီးလန့်စားစား ၀န်ထမ်းများ
လစာအဓိကတိုးတော့အထက်ကကောင်တွေပါ ညွှန်ချု ပ်သားမင်္ဂလာဆောင်တာပဲဖြစ်ဖြစ် သေတာပဲဖြစ်ဖြစ်တစ်နိုင်ငံလုံးကသက်ဆိုင်ရာရုံးတွေကိုဘယ်လောက်ဆိုပြီးခွဲတမ်းတောင်းနေကျပါ အောက်ခြေဝန်ထမ်းတွေကပေးရတာပါ ဂါရဝကြေးဆိုတာကလည်းရှိသေးတယ် တိုင်းဦးစီးဆိုတဲ့သူလည်းဒီအတိုင်းထက်ပိုဆိုးပါသေးတယ် သူလာရင်အနှိပ်သည်ကောင်မလေးရှာခိုင်းရတာနဲ့ ဂါရတာကရှိသေးတယ် ပြီးရင် ကုန်ကျစရိတ်ကိုအောက်ခြေဝန်ထမ်းတွေဆီကညေ့်ခံကျွေးမွးစရိတ်ဆိုပြီးဖြတ်တယ် အခုလည်းလာပြန်ပါပြီတိုင်းရုံးသင်္ကြန်ကြေးနဲ့ရုံးချုပ်သင်္ကြန်ကြေးတဲ့ လကုန်ရင်ဘယ်လောက်ဖြတ်ဦးမလဲမသိသေးပါဘူး ပြီးတော့ရှိပါသေးတယ် တိုင်းရုံးသွားရင် ရတဲ့ခရီးစရိတ်က ကားခအမှန်နဲ့ ရထားခဆိုရင်ရိုးရိုး ၃ဆ နဲ့နေ့တွက်၁၇၀၀ ပဲရတယ် တည်းခိုခန်းခတို့ ထမင်းစရိတ်တို့ကမပါတော့ သြော် အောက်ခြေဝန်ထမ်းတွေရဲ့ဘဝပါ ရတဲ့လစာလေးနဲ့ မိသားစုကိစ္စ ရုံးကိစ္စကိုအဆဲခံအဆူခံဖြေရှင်းနေရတာပါ ဒီကြားထဲလာဘ်မစားရဘူးဆိုတဲ့လဘ္ဘရည်ဖိုးလောက်ရတဲ့ဟာလေးတွေကို စမံ ပြန်ခုတ်ခံနေရတာအောက်ခြေဝန်ထမ်းတွေပါ လစာတာပြည့်ပြည့်ဝဝနဲ့လောက်ငှအောင်သာပေးစမ်းပါ လာဘ်စားရင်ထောင်မချနဲ့တစ်ခါတည်းသေဒါဏ်ပေးပစ်လိုက် ဘယ်ဝန်ထမ်းမှလဘ္ဘရည်ဖိုးလောက်လေးနဲ့တစ်ဖက်လူပေးချင်လာအောင်စကားတွေနဲ့ရော မဖြဲချင်ပဲသွားဖြဲပြီး အောက်ကျနောက်ကျဘယ်သူမှမနေချင်ကြပါဘူး ဝန်ထမ်းတွေဆိုတာဘွဲ့ရပညာတတ်တွေချည်းပါ ပညာမာနတော့လူတိုင်းမှာရှိကြတာချည်းပါ ကိုယ့်လောက်မှအဆင့်မရှိတဲ့သူကိုအောက်ကျို့ခံနေတာ အိမ်က သားသမီးလေးတွေရဲ့မျက်နှာကြောင့်ပါ သူတို့လေးတွေရဲ့ပညာရေး ကျန်းမာရေးအတွက်မို့အောက်ကျခံပြီး မလောက်ငှလို့ဖန်တီးနေရတာ အကျင့်ပျက်ဝန်ထမ်းတွေတဲ့ဟုတ်တယ် တစ်နိုင်ငံလုံးမှာရှိကြတာပဲ ဘာလို့ရှိရတာလဲ မလောက်လို့ ဟသာင်္ကိုးသောင်းစားစရာမရှိတော့ ပထမ ဥတွေကိုစားတယ် ဥတွေကုန်သွားတော့သားပေါက်ကလေးတွေကိုစားတယ် ပြီးတော့ သက်ကြီးအိုတွေကိုစားတယ် စားစရာမှမရှိတော့တာကိုး ငါတို့ဝန်ထမ်းတွေလည်းဒီလိုပဲလို့တွေးလို့ရတယ် မရှိဆင်းရဲသားတွေကိုတော့မနှိပ်စက်နဲ့ပေါ့ များသွားပြီ ဆက်ရေးရင်ခံစားချက်တွေကအများကြီးကျန်သေးတယ် ဝန်ထမ်းတွေရဲ့အပြောင်းအရွှေ့ကိစေစတွေမပါသေးဘူး တွေးကြည့်ရင်အရမ်းလွမ်းဖို့ကောင်းတယ်
Credit - Ko Nyein Min
Monday, April 6, 2015
"မယ်သီတာ မမှားခဲ့"
ရာမဇာတ်တော် အတွေး.....
"မယ်သီတာ မမှားခဲ့"
တချို့က ဒဿကို သူရဲကောင်းတင်သည်။ တချို့က ရာမကို ချီးမြှောက်သည်။ တချို့ကျပြန်တော့ လက္ခဏာကို အကောင်းဆုံးဟု ပြောကြပြန်သည်။ သို့သော် မယ်သီတာကား အမေ့ခံ။
ဟုတ်သည်၊ မယ်သီတာ အကြောင်းဘယ်သူမှ ရေရေရာရာမပြော။ 
ဒဿဂီရိသည်ကား သူ၏ နှစ်ယောက်မရှိလှသော အချစ်အတွက် သူရဲကောင်းဖြစ်ခဲ့ရသည်။ ရာမကား အချစ်ကို သူ၏သိက္ခာလောက်တန်ဖိုးမထားသောကြောင့် အပြောခံရသည်။ လက္ခဏာကိုကား စွန့်လွှတ်နိုင်သူဟုဆိုကာ ချီးကျူးကြပြန်သည်။ ဤတွင်လဲ မယ်သီတာ အရေးမပေးခံရခဲ့။
စင်စစ်ကား မယ်သီတာတွင် မရှိခဲ့သည့် အရာတစ်ခုရှိသည်၊ ထိုကား အမှားပင်။ ဟုတ်သည်၊ သူမတွင် အမှားမရှိခဲ့။
သူရာမကို ချစ်သည်၊ မြတ်နိုးသည်၊ သို့သော် အချစ်ကြမ်းသော ဒဿနောက်သို့ ပါခဲ့ရသည်။ သို့သော် သူတန်ဖိုးထားသော အချစ်အတွက် အရောင်အစွန်းမခံခဲ့၊ အမှားမခံခဲ့။
ရာမက သူ့ကို မယုံကြည်၊ ရာမအတွက် အချစ်သည် သံသယဖြင့် ဖုံးကွယ်ခဲ့ရသည်။ သိက္ခာဟူသည် အချစ်အောက်ရောက်ရသည်။ ခပ်ရိုင်းရိုင်းဆိုရလျင် တကိုယ်ကောင်းဆန်သည်ဟု ပြောရလိမ့်မည်။
ဤအတွက်လဲ မယ်သီတာသည် မီးပုံထဲ ခုန်ချကာ သက်သေပြခဲ့သည်။ သူမ မမှားခဲ့ပါ။
သူ့ကို ရာမဘယ်လောက် အထင်သေးခဲ့၊ ဘယ်လောက် မယုံခဲ့ မယ်သီတာကတော့ ကိုယ့်ကိုယ်ကို ယုံသည်၊ သူ့အချစ်တန်ဖိုး သူသိသည်။ ဒါလဲ သူမှန်တာပဲ မဟုတ်ပါလား။
ဇာတ်လမ်းချုပ်တော့ အမှားမရှိသောသူသည် မယ်သီတာပင်မဟုတ်ပါလား။
ကျွန်တော်ကတော့ ဒဿကိုလဲ သူရဲကောင်းမတင်၊ ရာမကိုလဲအပြစ်မတင်တော့။
သို့သော် သူတို့သည် မိန်းမတစ်ယောက်၏ အချစ်ကို အထင်သေးခဲ့ကြသည်။ ရာမက သူ့ကိုချစ်သောအချစ်ကို မယုံခြင်းဖြင့် အထင်သေးပြခဲ့သည်။ ဒဿက အကြမ်းနည်းဖြင့် အချစ်ကိုရမည်ဟူ၍ အထင်သေးခဲ့သည်။
ဟုတ်တယ်၊ သူတို့ မိန်းမတစ်ယောက်ရဲ့ အချစ်ကို အထင်သေးခဲ့ကြတယ်။
ဒါပေမယ့် မယ်သီတာ ဘယ်တော့မှ မမှားခဲ့........
Saturday, April 4, 2015
လက်မောင်းတစ်ဖက်နဲ့ လူမိခြင်း ------ လက်မောင်းတစ်ဖက်နှင့်လူမိခြင်း
Idea Credit is Given
<<<<< Unicode Version >>>>>
မောင်ဘတစ်ယောက် ညာဘက်လက်မောင်း အောင်အောင့်နေသဖြင့် ဆရာ၀န်ပြရန် သူငယ်ချင်းတစ်ယောက်နှင့်တိုင်ပင်သည်။
သူငယ်ချင်း ။     ။ မောင်ဘ ခုခေတ်က ဆရာ၀န်ခေတ်မဟုတ်တော့ဘူး၊ ဒီမှာ ငါနိုင်ငံခြားက ဆီးစစ်တဲ့ စက်၀ယ်လာတယ် စက်ထဲ ဆီးနည်းနည်းထည့်လိုက်ရုံနဲ့ သူ့အလိုလို ရောဂါရှာအပြီး ဆေးပါအလိုလိုထွက်ကျလာတယ်.. မယုံစမ်းကြည့်..။ အယ်... တစ်ခါစစ်ရန်တော့ ငွေတစ်ထောင်ထည့်ရတယ်၊ ၁၀-စက္ကန့်ပဲ ကြာမယ်။
မောင်ဘတစ်ယောက် မယုံတစ်၀က် ယုံတစ်၀က်ဖြင့် ဆီးအနည်းငယ်ကို စက်ပါခွက်ထဲထည့်ပြီး ငွေတစ်ထောင်နဲ့ စမ်းသပ်လိုက်သည်။ အမှန်ပင် ၁၀-စက္ကန့်မျှကြာတော့ စာရွက်တစ်ရွက်ကျလာသည်။
"အသင့်ညာဘက်လက်မောင်းနာနေသည်။ သာမန်နာခြင်းဖြစ်သည်။ မစိုးရိမ်ရ။ ရေနွေးပူကပ်ပေးပါ။" ဟုကျလာရာ မောင်ဘတစ်ယောက် အလွန်အံ့သြသွားလေသည်။
ဒါနဲ့မောင်ဘလည်း နည်းနည်းစမ်းသပ်ချင်တာနဲ့ အိမ်ပြန်ပြီး
(၁) ရေဗုံဘိုင်ထဲက ရေနည်းနည်း
(၂) အိမ်က ခွေးမလေးရဲ့ ဆီးနည်းနည်း
(၃) အိမ်က သမီးလုပ်သူရဲ့ဆီးနည်းနည်း
(၄) မိန်းမရဲ့ ဆီးနည်းနည်း နဲ့
(၅) သူ့ဆီးကိုကျတော့ စက်က မှတ်မိနေမှာ စိုးတာနဲ့ (ကန်တော့ပါရဲ့) masturbate လုပ်ပြီး သုက်နည်းနည်းထည့်လိုက်တယ်။
ပြီးတော့မှ ထို ရောသမမွှေနမူနာကို စက်ထဲထည့် ၁၀၀၀-ထည့်လိုက်တော့.. စက်က ခုနလို ၁၀-စက္ကန့်နဲ့ အဖြေမထွက်ဘူးဖြစ်နေတယ်။ စက်လည်း တော်တော်ခေါင်းခြောက်သွားမပေါ့... အတော်လေးကြာတော့စာရွက်တစ်ရွက်ကျလာတယ်။ သင် အဖြေလိုချင်လျှင် နောက်ထပ် ၄၀၀၀-ထပ်ထည့်ရန်တဲ့..၊ အင်း ဟုတ်တာပဲလေ.. သူ့ Sample က ၅-မျိုးစပ်ကိုး..၊ ဒါနဲ့ နောက် ၄၀၀၀- ထပ်ထည့်လိုက်တော့ စာရွက်ရှည် တစ်ရွက်ကျလာလေရဲ့..။
(၁) သင့်အိမ်က ရေပိုက် သံချေးတက်နေသည်။ အသစ်မလဲပါက ကျန်းမာရေးထိခိုက်မည်။
(၂) သင့်အိမ်က ခွေးမလေး ၀ဲပေါက်နေသည်။ မကုပါက အိမ်သားများကို ကူးစက်မည်။
(၃) သင့်သမီး မူးယစ်ဆေးစွဲနေသည်။ အချိန်မီမတားဆီးက နောင် AIDS ရလာနိုင်သည်။
(၄) သင့်မိန်းမ ကိုယ်၀န်ရှိနေသည်။ ယောက်ျားလေး၊ အမြွှာပူး၊ ကျန်းမာသည်။ သို့သော်သင်နှင့်ရတာမဟုတ်။
(၅) သင့်ဒီလိုလက်ကမြင်းနေသ၍ ညာလက်မောင်းနာတာ ဘယ်တော့မှ မပျောက်။
<<<<< Zawgyi Version >>>>>
Thursday, April 2, 2015
ခွေးရယ် . ခြသေ့င်္ရယ် . မုဆိုးကြီးရယ်
တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။
ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။ ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ထရပ်လိုက်တယ်.။ ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲမဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖနှစ်ယောက် ပြန်လာခဲ့ကြတယ်..။
.
နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။
ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင် ပေါ်မှာနေရာယူကြတယ်.။သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူတစ်ခုရှိတယ်..။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ မြားတစ်စင်း ပစ်လိုက်တယ်.။ မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..
။ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား စိုက်တယ်..။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ကြည့်ပါတယ်..။ ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြားကိုသေသေချာချာ ကြည့်ပြီး ငြိမ်နေတယ်..။ ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။ ပြီးတော့ မြားကိုတလှည့် ၊မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။ မြားတံကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်းရဲ့  အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။
.
နောက်တခါမှာတော့ ဖခင်မုဆိုးကြီးက သူ့သားကို တခါခေါ်ပြီး ခွေးရော ခြသေ့င်္ရော နှစ်ကောင်းလုံးကို ပစ်သတ်ပြီး အိမ်ယူခဲ့သတဲ့ကွယ် . 
.
ဒါကြောင့်………. ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး……….။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူ ရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့……………။
ခွေးကတော့ ခွေးပါပဲ…..။ ဒီလိုပဲ ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ……..။ 
ခဲလုံးကိုကိုက်ကိုက် မြားလာရာ လမ်းကြောင်းမှာရှိတဲ့ ရန်သူကိုရှာရှာ . နောက်ဆုံးတော့ အသိဥာဏ် အင်အား ပိုကြီးမားတဲ့သူရဲ့ သုတ်သင်ခြင်းကို ခံရတာပါပဲ . လောကကြီးမှာလဲ ဒီလိုပါပဲ .
.
ဒါက ဖတ်ဖူးတဲ့ ပုံပြင်လေးတပုဒ်ကို ဇာတ်သိမ်းမကျေနပ်လို့ ကွကိုယ်ထပ်ဖြည့်ထားတာ . :P :P
.
~ #GaRa ~
Wednesday, April 1, 2015
၂၀၁၅ ရွေးကောက်ပွဲမှာ ဗေလုဝနဲ့ ဦးလှဆွေ ဘယ်သူ့ကိုမဲပေးမလဲ
မကြာသေးခင်လောက်က လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတယောက် ရုပ်ရှင်သရုပ်ဆောင်၊ လူရွှင်တော်တဦးဖြစ်တဲ့ ဗေလုဝကို Facebook ကနေပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို ဦးလှဆွေရဲ့ပြောဆိုမှုတွေဟာ လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ မပြောသင့်တာကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ထပ်မံတိုက်ခိုက်မှုတွေ ပြုလုပ်လာရင်လည်း တရားစွဲဆိုဖို့ စီစဉ်ထားတယ်လို့ ဗေလုဝက ပြောပါတယ်။
ဗေလုဝက ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးလှဆွေနဲ့အပြိုင် ကြိုက်တဲ့မြို့နယ်မှာ ယှဉ်ပြိုင် အရွေးခံရဲတယ်လို့ ပုတီးကုန်းမြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် စာပေဟောပြောပွဲမှာ ဟောပြောဖို့ ရောက်ရှိနေတဲ့ ဗေလုဝက ပြောဆိုလိုက်ပါတယ်။
“ အဲဒီဘူးလတ်နဲ့ ပတ်သက်ရင် ဘယ်သူကဘာလဲဆိုတာ သန်းငါးဆယ်ကျော်ပြည်သူတွေသိပါတယ်။ facebook ကနေပဲ အာချောင်မနေနဲ့ လူထုရဲ့မေတ္တာနဲ့ ထောက်ခံမှုကို ယုံကြည်တယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ကြိုက်တဲ့မြို့နယ်ကနေ စိန်ခေါ်လို့ရတယ်။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့လိုတယ်။” လို့ သူကပြောပါတယ်။
နောက်ပြီး ဗေလုဝက သူ့အနေနဲ့ facebook သုံးစွဲမှု မရှိကြောင်း၊ သူကိုဦးလှဆွေမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို အသိမိတ်ဆွေတွေက ဖုန်းဆက်ပြောဆိုမှသာ သိရခြင်းဖြစ်ပြီး၊ Facebook မှာ အပြန်အလှန် ပြောဆိုနေခြင်းဟာ သူပြောဆိုရေးသားနေခြင်းမဟုတ်ဘူးလို့ဆိုပါတယ်။
“ကျနော်က facebook မသုံးဘူး။ ပတ်ဝန်းကျင်က မခံမရပ်နိုင်တဲ့လူတွေက ဖုန်းဆက်တော့မှ ကျနော်သိတာ။ ဗေလုဝဆိုတဲ့ facebook ကနေလည်း ဘယ်လိုတုန့်ပြန်တယ်ဆိုတာ ကျနော်မသိဘူး။ ကျနော်ကို တိုက်ခိုက်လို့ ပြောနေတာမဟုတ်ဘူး၊ ကျနော်ကိုတိုက်ခိုက်မယ်ဆိုရင် ကျနော်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်သိဖို့လိုတယ်။ လူရွှင်တော်လုပ်တာလောက်ကိုပဲ ကြည့်လို့မရဘူး။ ကျနော်မျိုးရိုးကဘာလဲဆိုတာသူသိရမှာပေါ့။” သူကဆက်ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ လွှတ်တော်ထဲမှာ လုပ်ကိုင်ရမယ့်အလုပ်များစွာရှိကြောင်းနဲ့ သာမန် လူတွေလို ပေါက်ပန်းလေးဆယ်ပြောဆိုနေဖို့မသင့်ဘူးလို့ သူကဆက်ပြောပါတယ်။
“ လွှတ်တော်မှာအလုပ်မရှိတော့ဘူးလား။ ပေါက်ပန်းလေးဆယ်လျှောက်ပြောနေတာက အလုပ်ရှိရင် သူဒီစကားတွေမပြောဘူးဗျ။ သူလူတိုင်းကို သူပြောချင်တာလျှောက်ပြောနေတယ်။ သီတဂူဆရာတော်ကြီးပြောသလိုသာ ပါးစပ်မှာ ခဲဖျက်ပါရင် သူပါးစပ်က စုတ်ပျက်နေလောက်ပြီ။” လို့ သူကဆက်ပြောပါတယ်။
လူထုရဲ့ချစ်ခင်မှုတွေ၊ ထောက်ခံမှုတွေကြောင့်သာ အနုပညာရှင်တဦးအနေနဲ့ ရပ်တည်နိုင်ခြင်းဖြစ်တဲ့အပေါ်မှာ ယုံကြည်မှု အပြည့်ရှိတဲ့ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်ဗေလုဝကတော့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာပြည်ရဲ့ ဘယ်မြို့နယ်ကနေမဆို ဦးလှဆွေနဲ့အပြိုင် အမတ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရဲတယ်လို့ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
ကောင်းမြတ်မင်း
သရုပ်ဆောင် လူရွှင်တော် ဗေလုဝ(ဓာတ်ပုံ -ကောင်းမြတ်မင်း)