Sunday, March 8, 2015

KBZ MPU နဲ့ပတ်သတ်ပြီး ကိုယ်တွေ့ကြုံရမှုများ .


KBZ atm အသုံးပြုသူများ သတိထားကြပါ။မနေ့က ကျွန်တော် PM$ ၅၀ ရောင်းထားလို့ ၀ယ်တဲ့သူက သွင်းပြီးကြောင်း ဓာတ်ပုံ ပို့လာတော့ ကျွန်တော် လည်းကိုယ်ရောက်နေတဲ့ အောင် မင်္ဂလာ အဝေးပြေးဝင်းမှာ ရှိတဲ့ KBZ atm မှာ ထုတ်ဖို့လုပ်တော့ ငွေထုတ်ရန်ဆိုတာမတွေ့တာနဲ့ လုံခြုံရေးတွေမေးကြည့်တော့ လခထုတ်ရက်မို့ငွေကုန်နေတယ်ဆိုတာနဲ့ အနီးက CB atm မှာ ထုတ်တော့ ငွေမလောက်လို့ ၀န်ဆောင်မှုမရရှိနိုင်သေးပါတဲ့။ ကျွန်တော်လည်းငွေ ထည့်ထားတာမရောက်လို့ထင်ပြီး ထည့်ပေးတဲ့သူကို မ၀င်သေးကြောင်းပြောထားလိုက်တယ်။ ပြီး တော့ကျွန်တော်လည်း တွေ့တဲ့ atm မှာ ထပ်ထုတ် ကြည့်တယ်။ မရဘူး။ အဲဒါနဲ့ ဒီနေ့ ငွေထည့်ပေးတဲ့သူကို card ဋ္ဌာန ကိုဖုန်းဆက်ပြီး မေးခိုင်းတော့ ထည့်ပြီးပြီဆိုတာနဲ့ KBZ atm ကိုရအောင်ထပ်ရှာပြီး statement ထုတ်လိုက်တော့မှ ၆သောင်းဝင်ပြီး ၆၅၀၀၀ ပြန်ထွက်ထားတာတွေ့တယ်။ ကျွန်တော်လည်း card ဋ္ဌာန ကို ဆက်ပြီး ပြောတော့ CB စက်ကနေဖြတ်သွားတာတဲ့။ အဲဒါဆို ကျွန်တော် CB ကို သွား ပြီး complain တက်ရမလားဆိုတော့ သူတို့ ဖြေရှင်းပေးပါ့မယ်တဲ့၊ ဒါပေမယ့် သူတို့ စက်မဟုတ်တဲ့အတွက် ဗဟိုဘဏ်ကနေတဆင့် ပြောပြီးစစ်ရမှာဖြစ်တဲ့အတွက် ၁ပတ် ၁၀ရက်စောင့်ပါတဲ့ဗျာ။ ကျွန်တော်လည်းပြောလိုက်တယ် ၊ အဲဒီလိုဆိုရင် ခင်ဗျားတို့ ကဒ်ကို ဘယ်လိုယုံကြည်ပြီးသုံးရမလဲ ဆိုတော့ connection ကိုအပြစ်ပုံချတယ်ဗျာ။ connection မကောင်းရင် ထုတ်မရတာတော့ အပြစ်မပြောပါဘူးဗျာ။ အခုဟာက connection မကောင်းဘူးဆို ဘာလို့ အကောင့်ထဲက ငွေ ကျတော့ဖြတ်လို့ရလဲ။ ကျွန်တော်ပြောချင်တာကတော့ atm, mpu ကဒ်သုံးနေတဲ့သူတွေ သတိထားပြီး ကျွန်တော့်လိုမဖြစ်အောင်၊ ဖြစ်နိုင်ရင် မသုံး တာပိုစိတ်ချရမယ်ထင်လို့ပါ။ တကယ်လို့ သူတို့ နဲ့မဆိုင်ပါဘူးပြောရင် ဘာမှမလုပ်နိုင်ဘူးလေ။ သူတို့တပ်ထားတဲ့ cctv ကို ကိုယ့်သဘောနဲ့ကိုယ် ပြန်ကြည့်လို့လဲရမှာမဟုတ်ဘူးလေ။ တကယ်လို့ အဲဒီ ငွေကသေရေးရှင်ရေးအတွက်ဆိုရင် ဘယ့်နှယ့်လုပ်ကြမလဲဗျာ။ ကျွန်တော်တို့ပြည်သူတွေလဲ ခံရတဲ့ ဘက်ကကို မလွတ်နိုင်ပါလားဗျာ။ ဘယ်တော့မှ အသားလွတ်ခံရတဲ့ ဘ၀ ကနေလွတ်မလဲမသိဘူး။ KBZ ရေ.. ငါ့လိုလူဘယ်နှစ်ယောက်ရှိပြီလဲဟေ့........ '''
အဲဒီ့ post လေး ဖတ်မိတာ ကြာပြီ ဒါပေမယ့် ကိုယ် နဲ့ မဆိုင်သေးတော့ ဘာမှ ပြဿနာ မရှိသေးဘူးပေါ့ အခုတော့ ပြဿနာက အကြီး ကြီး ဆိုင်လာပြီ ဆိုတော့ နည်းနည်း လေး ရေးပါမယ် သည်းခံပြီးသာ ဖတ်ကြပါ
ကျွန်တော် အလုပ်လုပ်နေတဲ့ company က လစာ ကို confidential နဲ့ပေးတာဆိုတော့ ကျွန်တော် တို့ ကို KBZ ATM card တွေ လုပ်ပေးထားပါတယ်။ Company ရဲ့ Current တွေ payment တွေ Transaction တွေ ကိုလည်း အဲဒီဘဏ်နဲ့ပဲ အလုပ်လုပ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ရဲ့ လစာငွေတွေဟာ လမကုန်ခင် တစ်ပတ်အလို လောက် ဆိုရင် ကိုယ့်ရဲ့ ATM card တွေ ထဲကို ရောက်ပါတယ်။ ဒီလ လည်း (၂၄.၀၂.၂၀၁၅) မနက် ပိုင်း မှာ company ရုံးချုပ်ကနေ လှမ်းထည့် ပေးလို့ လစာရပါတယ်။ ရုံးဆင်းပြီး အိမ်နား နီး တဲ့ သမိုင်း လမ်းဆုံ က city mart မှာထုတ်မလို့ သွားပါတယ်။ကိုယ့် ATM card က KBZ card ပါ။ ဒါပေမယ့် KBZ စက် ကTemporary unavailable တော့ နီးစပ်ရာ AYA Bank ကစက်မှာ ထုတ်ပါတယ်။ အဲဒီ့ မှာပဲ ဇာတ်လမ်း စပါတယ်။ လက်ကျန်ငွေ ကြည့်ပြီး ငွေထုတ်ဖို့လဲ လုံလောက် ပါတယ် ဆိုတဲ့ အတွက် ငွေ ( ၃၀၀၀၀၀/-) မြန်မာကျပ်ငွေ သုံးသိန်းတိတိ/ ထုတ် မယ် ဆိုပြီး comfirm လုပ်ပါတယ်။ ပထမတော့ စက်က အလုပ်လုပ် နေပါသေးတယ်။ ဒါပေမယ့် အချိန်တော်တော် ကြာတဲ့ အထိ ငွေ ကထွက်မလာပါဘူး။ ပြီးတော့ ဘာစာတွေ ပေါ်လာလဲ ဆိုတော့ ယခု ဆက်သွယ်ရန် အဆင်မပြေပါသဖြင့် နောက်တစ်ကြိမ် ထပ်မံ ကြိုးစားကြည့် ပါ တဲ့။ ဟုတ်ကဲ့။ ငွေကထွက်မလာပါဘူး card ပဲ ပြန်ထွက်လာ ပါ တယ်။ အဲဒါနဲ့ KBZ စက် မှာ balance သွား ပြန် စစ် ကြည့်လိုက်ပါတယ်။ မရှိတော့ပါ ဘူး။ ကျွန်တော့်ရဲ့ တစ်လ လုံး ရှာထားတဲ့ ချွေးနဲစာ လေးကို AYA bank ရဲ့ ATM စက်က ဖြတ်သွားပါပြီ။ ချက်ချင်းပဲ AYA စက် ပေါ်က Hot line ကိုခေါ် ပြီး ပြောတော့ KBZ ကို complain တင်ပေးပါ လို့ပြောပါတယ်။ ဖြစ်တာက ည (၀၇း၅၀)နာရီ လောက်မှာ ဖြစ်တာပါ။ KBZ ရဲ့ hot line ကို complain တင်တော့ လိုတဲ့ အချက်တွေ တောင်းပါတယ်။ Card No, User Name, Date, Time, NRC Card No,Phone No တွေ အကုန်ပေးရပါတယ်။သူတို့ဆက်ပြီးဆောင်ရွက်ပေးပါမယ်။ ငွေပြန်ထည့် ပေးပြီးရင် ဆက်သွယ်ပေးပါမယ်ဆိုလို့ ကျွန်တော် စောင့်နေပါတယ်။ ဒါပေမယ့် ဒီနေ့အထိ ဘာမှ မဆက်သွယ် လို့ KBZ ကို ဖုန်းဆက်ပြီး မေးပါတယ်။ရေရေ ရာရာ မဖြေပါဘူး။ တစ်ခါဆက်ရင် (ဘယ်တုန်းက ဖြစ်တာလည်း/ ဘယ်နေရာမှာလည်း/ ဘယ်အချိန်ကလည်း) အဲဒါတွေပဲ ပြန်ပြန်မေးတော့တာပါပဲ။ ဖုန်းဖိုး လည်းတော်တော် ကုန်ပါပြီ။ ပြီးရင် AYA bank ကို မေး ကြည့်ပါဆိုပြီးတော့ ဘော်လီဘော ပုတ်ပါတယ်။AYA ဖက် ကို ဆက်တော့လည်း ဘာမှ ရေရေ ရာရာ ပြန်မဖြေနိုင်ကြပါဘူး။ KBZ ဖက်ကို မေးတာပဲ ပိုအဆင်ပြေပါ လိမ့်မယ်ဆိုပြီး ဘော်လီဘော ပြန်ပုတ်ပါတယ်။ စဉ်းစားသာကြည့်ကြပါတော့။ ကိုယ့်မှာက ပိုက်ဆံ တွေ များနေလို့ အပိုသုံးရအောင် ATM လုပ်ထားတာလည်းမဟုတ် ကိုယ့် လစာငွေ အတွက် ပဲ ဒီကဒ် ကို သုံးတာ ။အဲဒါ ကဒီလို ဖြစ်တယ် ဆိုတော့။ ဒီလစာမှ ထုတ်မရလို့ / သုံးစရာမရှိလို့ ငတ် ကြစတမ်း ဆိုရင် ဒီနေ့နဲ့ဆို ကျွန်တော် ငတ်နေတာ( ၈ )ရက် ရှိပြီ။ နောက်ဆုံး Bank နှစ် ခု လှည့်ပတ် ဆက်နေတာ အဖြေ တစ်ခုတော့ ရလာတယ်။ဘာလည်း ဆိုတော့ ( ကိုယ့် ကဒ် နဲ့ ကိုယ့်စက် မှား တာ မဟုတ်တဲ့ အတွက် တဲ့ ဗဟိုဘဏ် က တစ်ဆင့် ပြန်လွှဲ ရ မှာ မို့လို့ ၁၀ရက် ကနေ ၁၄ရက် လောက် ကြာ မယ်) တဲ့
ဆိုတော့ဗျာ
၁။ connection ကြောင့် လို့ လွှဲချ ရအောင် အစ ကတည်း အဲဒီ့ connection ကို ကောင်း အောင် လုပ်ထားပါလား။ ပုဂ္ဂလိက bank သူဋ္ဌေး တွေပဲ ဗျာ လုပ်နိုင်မှာပါ။ အကယ်၍ မလုပ်နိုင်ဘူး ဆိုရင် အဲဒီ့စက်တွေ ကိုလည်း အထင်ကြီးအောင် လူမြင်ကွင်း မှာလာမထားပါနဲ့တော့ဗျာ။(connection မကောင်းတာကလည်း ငွေကျတော့ ဖြတ်တတ်တယ်။ ပိုက်ဆံ ထွက်လာခါ နီး ကျတော့ လိုင်းက ကျ သွားရော။ မသိရင် အချိန်ကိုက် ထားသလိုပဲ။ လိုင်းက ကိုယ့်ဖက် ကျန်အောင်တော့ ကျတတ်သား)
၂။ ပြည်တွင်း က Bank နှစ်ခု ကြားမှာ error တက်လို့ ပြန်ရှင်း တာ နှစ်ပတ်လောက် ကြာမယ်ဆိုတော့ သူတို့အော် နေ ကြတဲ့ e-commerce တို့ e- banking တို့ ကဘယ်လိုလုပ်ကြ မှာ တုန်းဗျာ။ International Bank တွေ နဲ့ အလုပ်လုပ် လို့ error တက် ရင် ဘယ်လောက်ကြာ မလဲဗျာ။
၃။ Customer care တို့ Customer Service တို့ဆိုပြီး အကြီးကြီး တွေ လျှောက် အော် နေပြီး ဒီပြသနာလေးတောင် နှစ်ပတ်လောက်ကြာအောင် ဖြေရှင်းရ မယ် ဆိုရင် customer တွေဖက် က ဘာ အခွင့်အရေး မှ မရှိတော့ဘူးလား။ (အဲဒီ Bank တွေက ဗျာ အာရှ တစ်ခွင် မှာ ဆုတွေ ရထားလိုက် ကြတာ၊ ဘယ်အချက်အလက် တွေ နဲ့ ရထား တယ် ဆိုတာ တောင် ပြန်မေးရ မလို ဖြစ်နေပြီ )
၎။ Banking Software တွေ သုံး ကြတယ် ဆိုရင်လည်း ကိုယ် software ကို သေသေချာချာ ပြန်စီစစ် ကြပါဦး။ ငွေကမထွက်လာသေးဘူး။ balance ကဖြတ်ပြီး သွားပြီဆိုတဲ့အမှားမျိုး ကို ဘယ်လို ပြင်မလဲ။ ကိုယ့်ဘာသာကိုယ် ပြန်ပြင် ကြပါ ဦးဗျာ။ မပြင်တတ်ဘူး/ မစဉ်းစားတတ်ဘူး/ မလုပ်တတ်ဘူး ဆိုရင် လည်း အဲဒီ့ စက်တွေ လည်း ပြန်သိမ်းသွားကြပါတော့ဗျာ။ ကျွန်တော်တို့ customer တွေလည်း စာအုပ် နဲ့ပဲ ဘဏ် မှာ လာထုတ်ပါတော့မယ်။
(ဒီ post ကို ၀ိုင်း share ကြ ရင်လည်း အဲဒီ့ KBZ ,AYA ,Central Bank of Myanmar ဆိုတဲ့ Bank သုံးခု က ဥက္ကဋ္ဌ တွေ ဆီ ရောက် အောင်သာ share ကြပါဗျာ။ ဒါ မှ ကျွန်တော့် လစာလေး မြန်မြန်ရမှာ )
.
သယ်ရင်းတို့လည်း ခုလို အလားတူ အဖြစ်မျိုးတွေရှိရင်လည်း မန့်ခဲ့လို့ရတယ်နော် .
.
~ #GaRa ~ 

1 comment: