Tuesday, March 31, 2015

ဒါနအမျိုးမျိုး အကျိုးအထွေထွေ (၃)

အလှူဒါနတွေပြုကြရာမှာ အကျိုးပေးတွေလည်း အမျိုးမျိုးကွာခြားတတ်ပါတယ်။

ကိုယ်တိုင်လည်းအလှူမပေး သူတစ်ပါးအလှူလှူတာကိုလည်း အားမပေးဘဲ ပိတ်ပင်တတ်သူတွေဟာ နောက်ဘဝ အကျိုးပေးချိန် ရောက်တဲ့အခါမှာ ပစ္စည်းဥစ္စာလည်း မကြွယ်ဝ မချမ်းသာ အခြွေအရံလည်း နည်းပါးတတ်ပါတယ်။

ကိုယ်တိုင်တော့လှူပြီး သူတစ်ပါးကို လှူဖို့မတိုက်တွန်းဘဲပိတ်ပင်သူတွေဟာ အလှူအကျိုးကြောင့် ကိုယ်တိုင် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာပေမယ့် အခြွေအရံ နည်းပါးတတ်ပါတယ်။

ကိုယ်တိုင်တော့မလှူဘဲ သူတစ်ပါးကို အလှူပြုဖို့ တိုက်တွန်းအားပေးတတ်တဲ့သူတွေကတော့ ကိုယ်တိုင်မချမ်းသာပေမယ့် အခြံအရံတော့ ပေါများတတ်ပါတယ်။

ကိုယ်တိုင်လည်းလှူ သူများကိုလည်း အလှူလုပ်ဖို့ အားပေးတိုက်တွန်းတတ်သူတွေဟာ ကိုယ်တိုင်လည်း ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာပြီး အခြွေအရံလည်း ပေါများပါတယ်။ 

အဲဒါကြောင့် နောက်ဘဝမှာ ချမ်းသာကြွယ်ဝပြီး အခြွေအရံလည်း ပေါများရလေအောင် ကိုယ်တိုင်လည်း အလှူဒါနများများလုပ်ပြီး သူများတွေကိုလည်း အလှူဒါနတွေပြုလုပ်ဖို့ တိုက်တွန်းအားပေးကြရမှာဖြစ်ပါတယ်။

No comments:

Post a Comment