ရက်ရာဇာနဲ့ပြဿဒါးကို ဘယ်လိုများ ယူဆထားကြပါသလဲ???
တချို့လူတွေက အရေးကြီးကိစ္စတွေ ပြောစရာ လုပ်စရာ သွားစရာတွေရှိနေရင်
ပြဿဒါးနေ့ဆို မကောင်းဘူး၊ ရက်ရာဇာမှကောင်းတယ်ဆိုပြီး ရက်ရာဇာကို ရွေးချယ်ပြီး လုပ်တတ်ကြပါတယ်။
ဒီရက်မှမလုပ်ရင် မဖြစ်လို့ ဘယ်လိုမှ ရွေးချယ်လို့မရတော့ရင်တော့ ဘယ်နေ့ပဲဖြစ်ဖြစ် ကိုယ်လုပ်စရာရှိတာကို လုပ်ကြရတော့တာပါပဲ။
ဘယ်နေ့မှာလုပ်လုပ် အကောင်းဆုံးလုပ်ဖို့ပဲလိုတယ်ထင်ပါတယ်။
ရက်ရာဇာကို ရွေးလုပ်လို့ရော အမှန်တကယ် ထူးခြားသွားရဲ့လား?
ပြဿဒါးမို့ အရေးကြီးကိစ္စတွေ မအောင်မြင်တာဆိုပြီးတော့လည်း အမြဲတမ်း တထစ်ချ ပြောလို့မရပါဘူး။
တစ်ခါတစ်ရံ တိုက်ဆိုင်တာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
ယုံကြည်သူတွေကတော့ ယုံကြပါတယ်။
မယုံတဲ့သူ အစွဲအလန်းမထားတတ်သူများကတော့ ထူးထူးခြားခြား ရွေးချယ်တာမျိုးတွေ မလုပ်ကြပါဘူး။
ရွှေဥမင်ဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြဝါဒ ကောက်နှုတ်ချက်မှာတော့. . . . . .
ကောင်းသောစိတ်ရှိတဲ့နေ့ ကောင်းသောအလုပ်လုပ်တဲ့နေ့
ကုသိုလ်ရတဲ့နေ့ဟာ ရက်ရာဇာပဲ။
မကောင်းသောစိတ်ရှိတဲ့နေ့
မကောင်းသောအလုပ်လုပ်တဲ့နေ့
အကုသိုလ်ဖြစ်တဲ့နေ့ဟာ ပြဿဒါးပါပဲ။
ွှလို့မှတ်သားဖူးပါတယ်။
ပရိတ်သတ်ကြီးရော ဘယ်လိုမြင်ကြပါသလဲ???
No comments:
Post a Comment