ခုတလော ဖြစ်နေတဲ့ နိုင်းဝမ်းနဲ့ ယွန်းမီမီကျော်တို့ရဲ့ ပြဿ နာနဲ့ ပတ်သတ်ပြီး အားလုံးသိကြသလိုပဲ ယွန်းမီမီကျော်ဖက်က ငြင်းဆိုထားပါတယ် . နိုင်းဝမ်းဖက်ကတော့ သက်သေအခိုင်အမာ ရနေပြီလို့ဆိုပါတယ် . ဒါပေမယ့် နိုင်းဝမ်းက အကြောင်းကြောင်းကြောင့် တရားမစွဲတော့ပဲ ဆိုင်းငံ့ထားလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ် . နိုင်းဝမ်း ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး သူဘယ်လိုပြောခဲ့လည်းဆိုတော့ .
.
" ကျွန်တော် ပရိတ်သတ်အားလုံးကိုအလေးအနက်ထားပြီး တစ်ခုလောက် အတိအလင်းပြောချင်ပါတယ်...
ဒီရက်ပိုင်းဖြစ်တဲ့ပြဿနာတွေကြောင့်အားလုံးစိတ်အနှောက်အယှက်ဖြစ်ကြရမယ်ဆိုတာနားလည်ပါတယ်...
ကျွန်တော်ကိုယ်တိုင်လဲကျွန်တော့ချွေးနဲစာနဲ့ဝယ်ထားရတဲ့ကားတစ်စီးကိုစုတ်ပျက်သတ်နေအောင်ဝိုင်းဖျက်ဆီးတာခံရလို့တော်တော်လေးမခံနိုင်အောင်ဖြစ်ရပါတယ်...
အဲဒီအတွက်ကြောင့်လဲသူတို့အားလုံးကိုတရားဥပဒေအရအရေးယူဖို့အားလုံးစီစဉ်ပြီးခဲ့ပါပြီ...
အရေးယူပြီးစစ်ဆေးဆောင်ရွက်ဖို့မလုပ်ခင်မှာပဲ ပထမဆုံးဒီအမှုကသူတို့နဲ့မသက်ဆိုင်ပါဘူးလို့ထငြင်းဆိုခဲ့တယ်၊ နောက်တော့ကားပေါ်ကမဆင်းတဲ့မိန်းကလေးနှစ်ယောက်က ဘယ်လိုအချိန်မှာဘာအဝတ်အစားနဲ့ဘယ်လိုပြင်ဆင်ထားလဲဆိုတာကအစသူတို့သိကြောင်းဝန်ခံခဲ့တယ်၊ နောက်ဆုံးယာဉ်တိုက်မှုတစ်ခုမှာပထမဦးဆုံးသူအတိုက်ခံရလို့ ပြန်တိုက်တဲ့အကြောင်းဝန်ခံသလိုဖြစ်သွားတဲ့အပြင်၊ သူနဲ့အနီးကပ်ပေါင်းသင်းနေတဲ့သူငယ်ချင်းတွေက မနေ့ညကပဲသူတို့မပါဝင်ကြောင်းလာရှင်းပြကြပြီး သူတိုက်ခဲ့တဲ့အကြောင်းသူတို့ချင်းပြောထားကြတဲ့ Chat Listတွေကအစ ကျွန်တော့ကိုလာပြကြတာဟာ ကျွန်တော့အတွက် သက်သေရော၊ သက်သေခံပစ္စည်းပါတစ်ခါထဲထပ်ရလိုက်သလိုပါပဲ...
အဲဒါကြောင့်အမှုကြီးကမစစ်ခင်မှာကတည်းက အားလုံးပေါ်သလိုဖြစ်သွားပါပြီ...
အဲတော့ကျွန်တော်ဘာလုပ်သင့်လဲလို့စဉ်းစားနေရင်းဆုံးဖြတ်ရအခက်အခဲဆုံးအချိန်ကိုရောက်နေပါတယ်...
သူနဲ့ပတ်သတ်ပြီးဘာခံစားချက်မှမရှိတော့ပေမဲ့ ကျွန်တော်အခုချိန်တရားဆွဲဖြစ်ခဲ့လို့ မိန်းကလေးတစ်ယောက်လက်ထိပ်တန်းလန်းနဲ့ ထောင်ထဲမှာအချိန်အကြာကြီးနေနေရမှာကိုလဲမမြင်ချင်တော့ပါဘူး...
ကျွန်တော်ငယ်ငယ်ကတည်းက တရားရေးမိသားစုထဲကမွေးဖွားလာရလို့ "ကြီးသည့်အမှုငယ်စေ၊ ငယ်သည့်အမှုပပျောက်စေ" ဆိုတဲ့ဆောင်ပုဒ်လေးကိုအချိန်တိုင်းလိုလိုမြင်တွေ့နေခဲ့ရတာကြောင့် ယခုပြဿနာကိုအတတ်နိုင်ဆုံးသီးခံလိုက်နိုင်ဖို့ကြိုးစားတွေးခေါ်နေပါတယ်...
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တာကြောင့်လဲ ပြုသူအသစ်၊ဖြစ်သူအဟောင်း လို့ပဲမှတ်ယူပြီး ကံ ကံရဲ့အကျိုး၊ အတိတ်ဝဋ်ကြွေးပါလို့ တွေ့ကြုံဆုံကွဲ ဖြစ်ပျက်ခဲ့တယ်လို့ပဲမှတ်ယူလိုက်ပါတော့မယ်...
ဒီကိစ္စတွေကိုဘာတစ်ခုမှမသိရှာတဲ့ အဝေးကကျွန်တော့ရဲ့မိခင်ကိုလဲဘာစိတ်ပူပင်သောကမှ မပေးချင်တော့တာကတစ်ကြောင်း၊ ကျွန်တော်လက်ခံထားတဲ့ အနယ်နယ်အရပ်ရပ်က ဖျော်ဖြေရေးပွဲတွေဆီကပရိတ်သတ်တွေကိုလဲ မပျက်မကွက်သွားရောက်ဖျော်ဖြေချင်တာကတစ်ကြောင်း၊ မီဒီယာလောကမှဆရာဆရာမများနဲ့ အနုပညာလောကမှဆရာဆရာမများ ညီအကိုမောင်နှမများရဲ့ဝိုင်းဝန်းဆွေးနွေးတိုင်ပင်ဖြောင့်ဖျမှုများကြောင့်တစ်ကြောင်း၊ ကျွန်တော့ရဲ့အမြဲတမ်းအမာခံပရိတ်သတ်များအတွက်အသစ်အသစ်သောအနုပညာတွေချပြဖို့ရာ တန်ဖိုးရှိသောအချိန်တွေပြုန်းတီးမခံနိုင်တာကြောင့်တစ်ကြောင်း၊ အဓိကကျူးလွန်သူရဲ့ဘေးမှာကပ်ပါလာတဲ့ မြှောက်ထိုးပင့်ခေါ်ပါတီပါချပ်ဟာလေးတွေကိုလဲ ဒီပြဿနာကိုအကြောင်းပြုပြီး နာမည်မကြီးစေလိုသောကြောင့်တစ်ကြောင်း...
သည်အမှုကိုကျွန်တော့ဘက်က ဆိုင်းငံ့ထားလိုက်ပါမယ်လို့အသိပေးချင်ပါတယ်ခင်မျာ...
နောက်ထပ်ကျွန်တော့ဆန္ဒကတော့ ကျွန်တော်တို့မြန်မာနိုင်ငံတစ်ခုလုံး တပြိုင်နက်တိုးတက်ဖို့ ဝိုင်းဝန်းကြိုးစားနေကြတဲ့အချိန်မှာ ယခုကဲ့သို့သောအဖျက်အမှောင့်လုပ်ရပ်များကိုအပြင်းအထန်ရှုံ့ချလိုတာကြောင့်လဲပါပါတယ်...
အမှားအမှန်ကိုစဉ်းစားတွေးခေါ်တတ်ပြီး လုပ်သင့်မလုပ်သင့်ကိုချင့်ချိန်သုံးသပ်တတ်ကြသောကျွန်တော့ရဲ့အမာခံချစ်ပရိတ်သတ်တွေလဲ ကျွန်တော်ဆုံးဖြတ်လိုက်တဲ့အတိုင်းအားလုံးဆန္ဒရှိလိမ့်မယ်လို့ယုံကြည်ပါတယ်...
သို့ပေမဲ့လဲ တစ်ဘက်ကမတရားသဖြင့်ရေးသားခြင်း၊ စွပ်စွဲပြောဆိုစိန်ခေါ်ခြင်းများပြုလုပ်လာပါက တရားဥပဒေအတိုင်းသာဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းကြိုတင်အသိပေးကြေငြာအပ်ပါတယ်ခင်မျာ...
ကျွန်တော်ဒီနေ့ဒီအချိန်ထိ ၁၃နှစ်ကျော်ကာလပတ်လုံး ကျွန်တော့နာမည်တစ်လုံး ပရိတ်သတ်ရင်ဘတ်ထဲမှာရှိနေဖို့ရာ ကျွန်တော်ဖန်တီးတင်ဆက်သောအနုပညာတစ်ခုတည်းနဲ့သာ ဂုဏ်ယူစွာဖြင့်တည်ဆောက်ခဲ့ပါသည်...
သို့ဖြစ်ပါသောကြောင့် ယခုလိုကိစ္စမျိုး ပြဿနာမျိုးကြောင့် နာမည်ကျော်ကြားလိုသောဆန္ဒမရှိသလို၊ ကျွန်တော်ပင်ပန်းဆင်းရဲကြီးစွာတည်ဆောက်ခဲ့ရသောကျွန်တော့ရဲ့အနုပညာသည်ဘဝကိုလဲ တန်ဖိုးမရှိသောကိစ္စတစ်ခုအတွက်ကြောင့် အထိပါးမခံနိုင်သောကြောင့် အားလုံးအကောင်းမြင်ပေးနိုင်၊ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါကြောင်း အတိအလင်း ဆန္ဒထုတ်ဖော်ပြောကြားပရစေခင်ဗျာ...
Thanks u Very Much all my Fans..
I love u All..! "
.
လို့ ပြောကြားခဲ့ပါတယ် .
.
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ယွန်းမီမီကျော်ကတော့ ပြန်လည် တုံ့ပြန်ခြင်း မရှိသေးပါဘူး .
.
~ #GaRa ~
No comments:
Post a Comment