Saturday, March 7, 2015

ကောသလအိမ်မက် ၁၆ ချက် - ၁ ( ၁ - ၄ )

နွားလားဥဿဘတို့သည် မင်းရင်ပြင်သို့ လာရောက်၍ဝှေ့ကြမည်ဟု မာန်ဝင့်ပြီး မဝှေ့ဘဲ ရှောင်ဖယ်သွားကြသည်ဟု မြင်မက်သည်

ဖြေ
နောင်အခါ တရားမစောင့်သော သူတို့ လက်ထက်၌ မိုးသည် ရွာမလိုနှင့် လွင့်ပျောက် သွားလိမ့်မည်။

သစ်ပင်တို့သည် ငယ်စဉ်မှာပင် ဖူးကြ ပွင့်ကြ သီးကြ သည်

ဖြေ 
နောင်အခါ သက်တမ်းတိုသော ကာလ၌ လူတို့သည် ရာဂလွန်ကဲသောကြောင့် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်သားမွေးပြု၍ နေထိုင်ကြလိမ့်မည်။

နွားမကြီးက နွားငယ်နို့စို့ သည်ဟု မြင်မက်သည်။

ဖြေ
နောင်အခါ ကြီးသောသူတို့ကို အရိုအသေ နည်းလာမည်ဖြစ်၍ သားသမီးတို့ထံ စားသောက်ရန် အတွက် ခယ၍ တောင်းခံ ယူရလိမ့်မည်။

ခွန်အားကြီးသောနွားကြီးတို့ကို မခိုင်းဘဲ နွားငယ်တို့ကို လှည်း၌ ဝန်များစွာ တင်၍ ခိုင်းသည်။

ဖြေ
နောင်အခါ အရွယ်ကြီးသော ပညာရှိတို့ကို ဘေးဖယ်ထားပြီး ငယ်ရွယ်သောသူတို့ကို တရားဆုံးဖြတ်စေချင်းဖြင့် လူတို့ဆုတ်ယုတ် လာလိမ့်မည်။
.
.
~ #GaRa ~

No comments:

Post a Comment