Friday, March 6, 2015

ချစ်သမီး သို့ပေးစာ





သို့ သမီးမိုက်
သမီး သမီး ယုံကြည်ချက်ကြောင့်နိုင်ငံရေးလုပ်တယ်ဆိုတာ ဦးလူကြီးယုံတယ် .
ငွေမက်ရင် သမီးရုပ်ရေ သပ်သပ်ရပ်ရပ်လေးနဲ့ ပြင်ဆင်လိုက်ရင် ငွေရပေါက်တွေအများကြီးမှန်း ဦးလေးသဘောပေါက်တယ် .
ပုံမှန်အခြေအနေဆို သမီးကို ခုလိုကြမ်းကြမ်းတမ်းတမ်း လည်ပင်းကဖမ်းဆွဲ ဖက်ချင်တိုင်းဖက်နေတဲ့ အပေအတေကောင်လေးဟာ 
သမီးနားတောင်ကပ်ချင်တိုင်းကပ်လို့ရမှာ မဟုတ်ဘူးသမီး .
သမီး ငွေရသလား မရပါ ပညာရသလား မရပါ ကုသိုလ်ရသလား မရပါ .
သမီးမှာ ထက်မြက်တဲ့ ရုပ်ရည်လည်းပိုင်ဆိုင်ပါရဲ့ တက်ကြွဖျတ်လပ်တဲ့ ငယ်ရွယ်မှုလဲ ရှိပါရဲ့ .
ဒီချိန်မှာ ဒီလို ဖြစ်ရတာဟာ လူပေါင်းမှားလို့ပဲသမီး လမ်းကြောင်းအလျှောက်မှားလို့ပဲသမီး .
သမီးတို့ရဲ့ ငယ်ရွယ်အတွေ့အကြုံနည်းပါးတဲ့ ဦးနှောက်တွေ မုဒိန်းကျင့်ခံနေရတယ်လို့ပဲ ဦးလေးပြောမယ် .
သမီးတို့တွေ ဦးနှောက်ကို မုဒိန်းကျင့် ခန္ဓာကိုယ်ကို အသုံးချ စိတ်ဓါတ်ကို တံတားခင်း ပြီး သူတို့လိုရာ ခရီးသွားဖို့ ချနင်းနေကြလေရဲ့ .
တခြားမကြည့်နဲ့ အနဲဆုံး ဝေနှင်းပွင့်သုန်ဆိုရင် ပညာတတ်တယောက်ဖြစ်နေခဲ့လေပြီ .
သမီး ဝေနှင်းပွင့်သုန် ခုလို ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခံရတာမြင်ဖူးလား???
ဒါမှ မဟုတ် ဗြိတိသျှပါလီမန်ထဲ ခပ်တည်တည် စကားဝင်ပြောတာမြင်ဖူးလား???
နိုင်ငံကို တကယ်ချစ်ရင် နပ်စမ်းပါသမီးရယ် .
ဦးလူကြီး ဒီပညာရေးစနစ်ကောင်းတယ် ပြည့်စုံတယ်လဲမပြောပါဘူး .
ဒီအစိုးရကောင်းတယ်လဲ မပြောပါဘူး .
ဒီစာကိုရေးတာ ရင်ထဲ ကိုယ့်သမီးလေးလို ခံစားမိလို့ရေးတာ .
နိုင်ငံရေးလုပ်စားတွေရဲ့ အသုံးချခံမဖြစ်စေချင်လို့သမီး .
သူတို့သားသမီးတွေ ခေါင်းဆောင်လုပ်နိုင်အောင် ပညာယူနေတဲ့အချိန် သမီးတို့က ဘဝတွေချနင်းခံ တံတားခင်း .
သူတို့သားသမီးတွေ ပညာပြည့်တဲ့အချိန် သမီးတို့ကျောပေါ်စတေးပြီးတက်နင်း .
သမီးမှာကော ပညာတကယ်တတ်နိုင်တဲ့ ဦးနှောက်တလုံး မပိုင်ဆိုင်ဘူးလား???
တကယ် ဖမ်းလား ဆီးလားဖြစ်ရင် သမီးတို့ ရှေ့ကနေခဲ့တဲ့ ခေါင်းဆောင်ဆိုသူတွေက သမီးတို့ နောက်ရောက်ရောက်သွားကြတယ် .
ဒီပုံကို သေချာပြန်ကြည့်
တသက်လုံး မှတ်တော့သမီးရေ .
အာဏာရှင်မုန်းရင် အာဏာရှင် စနစ်ကျဆုံးအောင်လုပ်ကြ .
အာဏာရှင်စနစ်ဆိုးကျဆုံးမယ့်နေ့ဟာ တတိုင်းပြည်လုံး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့နေ့ပဲသမီး .
ဆူပူအုံကြွတာတွေ အဆုံးသတ်မယ့်နေ့ သူပုန်တွေချုပ်ငြိမ်းမယ့်နေ့ဟာ စစ်တပ်နဲ့ ရဲ အလုပ်အားပြီး စဉ်းစားချိန်ရမယ့်နေ့ပဲသမီး .
သူတို့လဲ မြန်မာပြည်သား တိုင်းရင်းသားတွေပါ သူတို့လဲ သမီးတို့နဲ့ထပ်တူ အာဏာရှင်ကိုမလိုလားသလို .
သူတို့လဲ သမီးတို့နဲ့ ထပ်တူ ဘဝလုံခြုံမှုလိုအပ်ပါတယ် .
နိုင်ငံကို တကယ်ချစ်ရင် လုပ်စားနိုင်ငံရေးသမားနဲ့ မျိုးဆက်တွေအားလုံးကို ဆန့်ကျင်ပါ .
လုပ်စားနိုင်ငံရေးသမားတွေဟာ အစိုးရကော အတိုက်အခံထဲမှာကောအပြည့်ပဲ သမီးရေ .
.
သမီးရဲ့ ချစ်လှစွာသော
ဦးလူကြီး
.
~ ဦးလူကြီး ~

No comments:

Post a Comment