လူတိုင်းနီးပါးက MLM မကောင်းကြောင်းချည်းပြောနေတော့ ကျနော်က ခု MLM ကောင်းကြောင်းလေးတွေ ပြောပြပါမယ် . နောက်ပီးရင် MLM နဲ့ ငွေရှာနည်းပြောပြပါမယ် . ခုလိုပြောပြလို့ ကျနော်က စီးပွားရေးပညာရှင်မဟုတ်သလို စီးပွားရေးနဲ့ပတ်သတ်ပီး သိပ်မသိပါဘူး . ဒါမဲ့ ထင်သလိုလေး ပြောကြည့်တာပေါ့ညော် . မှားတော့လည်း ခွင့်လွတ်ပါရို့ . :3
.
MLM ဆိုတာ အလွန်ကောင်းတဲ့ စီးပွားရေးတခုဗျ . ငွေရင်းနည်းနည်းနဲ့ အမြတ်ငွေများများ ရနိုင်တယ် . နောက်ပီး အလုပ်ချိန်ကန့်သတ်ချက်မရှိပဲ ကိုယ်ကြိုက်တဲ့ အချိန် လုပ်နိုင်တယ်လေ. အဲတော့ အခြားအလုပ်တခုနဲ့ တွဲလုပ်လို့ရတာပေါ့ဗျာ . ပြောရရင် အလုပ်နှစ်ခု တပြိုင်တည်းလုပ်နိုင်တာပေါ့ဗျာ . နောက်တခုအနေနဲ့ ပြောရရင် MLM ကပစ္စည်းတွေက ရှယ်တွေချည်းပဲဗျ . ဘ၀မှာ လူတွေလိုအပ်တဲ့ တပ်မက်တဲ့အရာတွေကိုဖြည့်ဆည်းပေးမယ့် ပစ္စည်းတွေကို ကွာလတီ ကောင်းကောင်းနဲ့ ရောင်းတာဗျ . အဲ . အပြင်ပစ္စည်းတွေထက် နည်းနည်းတော့ ဈေးပိုတာပေါ့ဗျာ . ဒါကလည်း ဈေးကွက်သဘောတရားအရ ဘောနပ်စ်များများပေးလို့ရအောင်ပါ . ဒါမှ လူတွေ မြန်မြန်ချမ်းသာမယ်မလားး တချို့လူတွေ ပြောနေသလို MLM လုပ်ရင် မွဲမယ်တို့ ဘာညာ ပြောနေတာတွေ မယုံပါနဲ့ဗျာ . MLM တိုင်းရဲ့ ပွဲတွေ လိုက်တက်ကြည့်ပါ . ကိုယ့်ရှေ့က အဲ့ MLM နဲ့တွဲခဲ့တဲ့ သူတွေ အရင်က ဘယ်လောက်ပဲ ဘ၀ နာခဲ့ပါစေ MLM နဲ့ လက်တွဲပီးမှ အဆင်ပြေ ချမ်းသာ စော်ကြည်ပီး ကားထည်လဲ စီးနိုင်ခဲ့တာတွေ တွေ့လိမ့်မယ်ဗျ . အဲ့မွဲမယ်ဆိုတဲ့လူတွေက အသုံးမကျလို့သာ ဒီလောက်ကောင်းတဲ့ လုပ်ငန်းလုပ်ရဲ့နဲ့ မချမ်းသာတဲ့အပြင် မွဲကုန်တာ . အဲလို အသုံးမကျတဲ့ သူတွေမကြည့်ပဲ ကိုယ့်ရှေ့က အောင်မြင်နေတဲ့သူတွေ ကြည့်စမ်းပါဗျ . နောက်ဆုံးတချက်ကတော့ MLM နဲ့ တနှစ် နှစ်နှစ်လောက် သေချာလုပ်လိုက်ရင် နောက်ပိုင်း အငြိမ်းစားယူပီး ထိုင်စားရုံပဲဗျ . ကိုယ်တိုင်မလုပ်လည်း ကိုယ့်အောက်က လူတွေက လုပ်ပေးနေပီလေဗျာ . ကိုယ့်ဝင်ငွေက ဆက်ဝင်နေတော့တာပေါ့ . ငွေရင်းနည်းနည်းနဲ့ အဲလောက်ကောင်းတဲ့ အလုပ်မျိုး ဘယ်မှာရှိလို့လဲဗျာ .
.
ကဲ . ထားပါလေ . အရင်က ဘယ်လိုပဲ ကျရှုံးခဲ့ ကျရှုံးခဲ့ပါ . ခုဒီစာမှာ MLM နဲ့ ချမ်းသာနည်းကိုပြောပြပါမယ် . နည်းက လွယ်လွယ်လေးပါ . ခုပြောတဲ့အချက်တွေကို တသွေမတိမ်းလိုက်နာရင် ချမ်းသာမှာပါ .
.
၁. စစချင်းအနေနဲ့ MLM တခု ကိုယ့်ကို ၀င်ဖို့ ဆွယ်လာပီဆိုပါတော့ . အာ့ဆိုရင် အဲ့ MLM ရဲ့ မီတင် ဒါမှမဟုတ် အရောင်းပွဲ ဒါမှမဟုတ် မိတ်ဆက်ပွဲ စတဲ့ ခေါင်းစဉ်တခုခု တပ်ထားတဲ့ပွဲကို တက်ဖြစ်အောင်သွားတက်ပါ . ပီးရင် အဲ့မှာ အရှေ့က စီနီယာမန်ဘာတွေ စင်ပေါ်က ပြောတာကို တချက်နားထောင်ပါ . သူတို့ပြောတာ နားထောင်ရင်း အရမ်း ယုံကြည်အားကိုးပီး ၀င်ချင်စိတ်ပေါ်လာပီဆိုရင် နောက်တဆင့် ဆက်သွားပါမယ် .( ၁ ) အချက်က အရမ်းအရေးကြီးပါတယ် . အဲ့အချက်မရရင် လှည့်သာပြန်ခဲ့ပါတော့ . ဘာလို့ အရေးကြီးလဲဆိုတာ နောက်ပိုင်းသဘောပေါက်ပါလိမ့်မယ် .
.
၂. ပီးရင် ဆွယ်တဲ့ သယ်ရင်းကို ပွင့်ပွင့်လင်းလင်းမေးပါ . သူ့တို့ဆီမှာ မန်ဘာ ဘယ်လောက်လောက်ရှိလဲဆိုတာ သိအောင်မေးပါ . ပွဲအခြေအနေကနေ ခန့်မှန်းလို့ရပေမယ့် မေးလိုက်တာ ကောင်းပါတယ် . အတိအကျ မဟုတ်တောင် ခန့်မှန်းခြေ တရာလား တထောင်လား သိရရင်ရပါပီ .ပီးရင် သူတို့ရဲ့ ပိရမစ် တည်ဆောက်ပုံကိုမေးပါ . ၂ ယောက်လား ၄ ယောက်လား ၆ ယောက်လား စသည်ဖြင့်ပေါ့ . ဒါလည်း အရေးကြီးပါတယ် . ကိုယ့်အဆင့်က ၅ - ၁၀ လောက်အတွင်းရှိနေရင် ရပါပြီ ( ၁ - ၄ လောက်ဝင်ချင်ရင်တော့ ကွကိုယ် MLM တခုသာ ထောင်ပါတော့ :P ) . အပေါ်ရောက်လေ ကောင်းလေပါ . ဥပမာ - ၂ ယောက်ဆိုရင်တော့ လူ ၃၀၀ ၀န်းကျင်လောက်ရှိနေရင် ၀င်လိုက်ပါ . လူအရမ်းများနေရင်တော့ ကိုယ့်အတွက် ဝေစု နည်းနေပီမို့ မ၀င်ပါနဲ့တော့ . ကျန်တဲ့ ကုမ္ပဏီခိုင်မာမှု . အဲ့က ထုတ်တဲ့ ပစ္စည်းကွာလတီ . ပစ္စည်းအမျိုးအစားစုံမှုတွေကတော့ စိတ်ဝင်စားသပဆိုရင် ကြည့်ပါ . အာ့တွေကောင်းရင် အထောက်အကူ ဖစ်ပေမယ့် အရမ်းအရေးတကြီးတော့ မဟုတ်ပါဖူး .
.
၃. မန်ဘာဖစ်သွားပီဆိုရင် ပထမဆုံးလုပ်ငန်းစဉ်စရပါမယ် . အာ့မစခင် MLM ဆိုတာ သိထားဖို့ လိုအပ်ပါတယ် . အဲတော့ MLM ဆိုတာ ဘာလဲ ?? MLM ဆိုတာ muti-level marketing လို့ ဆိုထားတယ်ဗျ . အဲတော့ကာ ဘာသာပြန်ရရင် အလွာမျိုးစုံ ဈေးကွက်ပေါ့ဗျာ . အလွှာမျိုးစုံဆိုတော့ လူမျိုးစုံပါတာပေါ့ဗျာ . အဲတော့ ကိုယ့် အောက်ကို အလွာမျိုးစုံက လူမျိုးစုံပါအောင် ဆွဲသွင်းပါ . အာ့မှ MLM ဆိုတဲ့ နာမည်နဲ့ကိုက်မှာပေါ့ဗျာ .
.
၎. လူတွေကို ဆွဲဆောင်ဖို့ ခက်တယ်ထင်နေတဲ့သူတွေ အတွက် လျှို့ဝှက်နည်းလေး ပြောပြလိုက်ပါ့မယ်ဗျာ . အမှန်က လွယ်လွယ်လေးဗျ . လျှို့ဝှက်ချက်ကတော့ လူတိုင်း ချမ်းသာချင်ကြတယ်လေ . နောက်လူတိုင်းမှာ အိမ်မက် နဲ့ ဆန္ဒ ကိုယ်စီရှိကြတယ်လေ . သူတို့နဲ့ စကားစမြည်ပြောပီး အဲ့ အိမ်မက်တွေ ဆန္ဒတွေကို တီးခေါက်ပီး အာ့တွေကို အလုပ်နည်းနည်းလေး လုပ်ရုံနဲ့ ရမယ်ဆို မလိုချင်ဖူးလားဆိုပီး စကားစပေါ့ဗျာ . ခုခေတ်လို ဆိုရှယ် မီဒီယာ တွေ ခေတ်စားလာတဲ့ ခေတ်မှာ ပိုလွယ်ပါတယ် . ငွေတွေအများကြီးနဲ့ ( ကိုယ့်ဟာမဟုတ်လည်း ခဏငှားပေါ့ဗျာ ) ဓါတ်ပုံရိုက်ပါ . ပီးရင် ဘောနပ်စ်တွေအများကြီး ရတာပျော်တယ်တို့ ဘာတို့ ဆိုပီး တင်ပါ . အဲလို ဘောနပ်စ်တွေလိုချင်ရင် ဆက်သွယ်လိုက်ပါတို့ ရေးလိုက်ပါ . အာ့မျိုးတွေ မလုပ်တတ်လည်း မခက်ပါဖူး . ( ၁ ) မှာပြောခဲ့တဲ့ ပွဲမျိုးကိုတန်းပီး ခေါ်သွားလိုက်ပါ . ကိုယ်ကနည်းနည်းပါးပါးလေပစ်ပီးမှ ခေါ်သွားရင်တော့ ပိုထိရောက်တာပေါ့ . သူလည်းလူပဲဗျာ . ကိုယ်တောင် အဲ့ပွဲက လူတွေ ပြောတာကို အားကိုးမိသွားရင် သူတို့ လည်းအားကိုးလာမှာပေါ့နော့ . အာ့ကြောင့် အချက် ( ၁ ) ကအရေးကြီးဆုံးပါလို့ ပြောခဲ့တာပေါ့ . ဖစ်နိုင်ရင် လူများများခေါ်သွားပါ . ၁၀ ယောက်ခေါ်သွားလို့ ၆ ယောက် ၇ ယောက်လောက် ၀င်ရင် မခါးပါဘူးဗျာ .
.
၅. ကိုယ့်အောက်မှာ လူတွေ ရပီဆိုရင် ကိုယ့်ရဲ့ ၀င်ငွေတွေ စရနေပါပီ . MLM ရဲ့ အောင်မြင်မှုဆိုတာ ကိုယ့်အောက်မှာ လူဘယ်လောက်ရှိလဲနဲ့တိုင်းတာ ရတာပါ . တချို့တွေက မန်ဘာအရေအတွက်အတိုင်း အကျိုးအမြတ်ရပေမယ့် တချို့တွေက ကုန်ပစ္စည်းရောင်းရမှုကနေ ဘောနပ်စ်ရပါတယ် . ဒါမဲ့ မပူပါနဲ့ . အဲလို MLM တိုင်းမှာ အနည်းဆုံး ၀ယ်ရမယ့် ပမာဏသတ်မှတ်ချက်ရှိပါတယ် . တချို့က လစဉ် တချို့က တခါတည်း ၀ယ်ရတာပေါ့ . အဲတော့ကာ လူများလေ ပစ္စည်းများများရောင်းရလေပေါ့ဗျာ . ဘယ်လိုပဲ ဖစ်ဖစ်ပါ . လူများလေ ဘောနပ်စ်ရလေပါ . အဲတော့ကာ ကိုယ့်အောက်မှာ လူများနိုင်သမျှများအောင် ကြိုးစားပါ .
.
အဲ့အချက်တွေကို တသွေမတိမ်းသာလိုက်နာနိုင်ရင် သင်ဟာ MLM မှာ အောင်မြင်ပီး ငွေတွေအများကြီး ရှာနိုင်ပါပီ . အားလုံးပဲ MLM နဲ့ ချမ်းသာနိုင်ပါစေလို့ ဆုတောင်းရင်း see you at the top ပါလို့ . ( pyramid ရဲ့ထိပ်ဆုံးမှာရှိမှ ဘောနပ်စ်များများရမှာလေ . ငိငိ :P )
.
PS: သင့်အထက်က လူအနည်းစု ရနေတဲ့ ဘောနပ်စ်တွေ ကားတွေ အိမ်တွေနဲ့ တန်းတူရဖို့အထိတော့မမှန်းနဲ့ပေါ့ဗျာ . ကိုယ့်အောက်က သူများတွေအများကြီးထက် ဘောနပ်စ်တွေ ကားတွေ အိမ်တွေ ပိုရနေရင် ကျေနပ်ရောပေါ့ .
.
~ #GaRa ~
.
#MLM

မှတ်သား ထိုက်ပါပေတယ်။
ReplyDeleteမှတ်သားထိုက်ပါပေတယ်။