Saturday, March 7, 2015

ကောသလအိမ်မက် ၁၆ ချက် - ၂ ( ၅ - ၈ )

ဦးခေါင်းနှစ်လုံးပါရှိသော မြင်းသည် နှစ်ဖက်သော အစာကို စားသည်ဟု မြင်မက်သည်။

ဖြေ
နောင်အခါ တရားမစောင့် ဆုတ်ယုတ်သော ကာလ၌ လူတို့သည် တရားစီရင်ခြင်းကို နှစ်ဖက်သော သူတို့ထံမှ လာဘ်စား၍ဆုံးဖြတ်လိမ့်မည်။



မြေခွေးထီးသည် လူအပေါင်းတို့ ကျင်ငယ်စွန့်ရန် ပေးထားသော အဖိုးတစ်သိန်းထိုက်သည့် ရွှေခွက်မှာ ကျင်ငယ် စွန့်၍နေသည်ဟု ကောသလမင်းကြီး အိမ်မက်မြင်မက်တော်မူသည်။

ဖြေ
နောင်အခါ အမျိုးမြတ်သော သူတို့သည် ဆင်းရဲကြမည်။ အသက်မွေးမြူ လွယ်ကူရန် အလို့ငှါ အမျိုးယုတ်သော သူတို့အား သမီးရတနာကို လက်ထပ်ထိမ်းမြားပေးအပ်ပြီး မှီခိုနေထိုင်ကြလိမ့်မည်။

ဆာလောင်မွတ်သိပ်သော မြေခွေးသည် ကြိုးကျစ်ယောင်္ကျား၏ ကြိုးကို ခိုးစားသည်ဟု အိမ်မက် မြင်မက်သည်။

ဖြေ
နောင်အခါ မိန်းမတို့သည် သောက်စားမူးယစ်ပျော်ပါး များလာမည်။ လင်ယောင်္ကျားရှာဖွေ အပ်နှင်းသော ဥစ္စာတို့ကို အခြားယောင်္ကျားနှင့် သုံးဖြုံးကာ ကာမဂုဏ်အာရုံအလို လိုက်မှားကြ၍ ဆင်းရဲစွာ နေကြရမည်။

အရပ်လေးမျက်နှာမှ ရေသယ်လာသည့် လူအပေါင်းတို့သည် ရေမရှိသော အိုးငယ်တို့ကို မဖြည့်ဘဲ ရေအပြည့်ရှိသော အိုးကြီးကိုသာ ရေများလောင်းထည့်ကြသည်ဟု မြင်မက်သည်။

ဖြေ
နောင်အခါ ဇနပုဒ်မှလူအပေါင်းတို့သည် မိမိတို့၏ အကျိုးစီးပွားကို စွန့်၍ မင်း၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်ကြရမည်ဟု ဘုရားရှင် ဟောကြားတော် မူသည်။
.
.
.~ #GaRa ~

No comments:

Post a Comment