Idea Credit is Given
<<<<< Unicode Version >>>>>
မောင်ဘတစ်ယောက် ညာဘက်လက်မောင်း အောင်အောင့်နေသဖြင့် ဆရာ၀န်ပြရန် သူငယ်ချင်းတစ်ယောက်နှင့်တိုင်ပင်သည်။
သူငယ်ချင်း ။ ။ မောင်ဘ ခုခေတ်က ဆရာ၀န်ခေတ်မဟုတ်တော့ဘူး၊ ဒီမှာ ငါနိုင်ငံခြားက ဆီးစစ်တဲ့ စက်၀ယ်လာတယ် စက်ထဲ ဆီးနည်းနည်းထည့်လိုက်ရုံနဲ့ သူ့အလိုလို ရောဂါရှာအပြီး ဆေးပါအလိုလိုထွက်ကျလာတယ်.. မယုံစမ်းကြည့်..။ အယ်... တစ်ခါစစ်ရန်တော့ ငွေတစ်ထောင်ထည့်ရတယ်၊ ၁၀-စက္ကန့်ပဲ ကြာမယ်။
မောင်ဘတစ်ယောက် မယုံတစ်၀က် ယုံတစ်၀က်ဖြင့် ဆီးအနည်းငယ်ကို စက်ပါခွက်ထဲထည့်ပြီး ငွေတစ်ထောင်နဲ့ စမ်းသပ်လိုက်သည်။ အမှန်ပင် ၁၀-စက္ကန့်မျှကြာတော့ စာရွက်တစ်ရွက်ကျလာသည်။
"အသင့်ညာဘက်လက်မောင်းနာနေသည်။ သာမန်နာခြင်းဖြစ်သည်။ မစိုးရိမ်ရ။ ရေနွေးပူကပ်ပေးပါ။" ဟုကျလာရာ မောင်ဘတစ်ယောက် အလွန်အံ့သြသွားလေသည်။
ဒါနဲ့မောင်ဘလည်း နည်းနည်းစမ်းသပ်ချင်တာနဲ့ အိမ်ပြန်ပြီး
(၁) ရေဗုံဘိုင်ထဲက ရေနည်းနည်း
(၂) အိမ်က ခွေးမလေးရဲ့ ဆီးနည်းနည်း
(၃) အိမ်က သမီးလုပ်သူရဲ့ဆီးနည်းနည်း
(၄) မိန်းမရဲ့ ဆီးနည်းနည်း နဲ့
(၅) သူ့ဆီးကိုကျတော့ စက်က မှတ်မိနေမှာ စိုးတာနဲ့ (ကန်တော့ပါရဲ့) masturbate လုပ်ပြီး သုက်နည်းနည်းထည့်လိုက်တယ်။
ပြီးတော့မှ ထို ရောသမမွှေနမူနာကို စက်ထဲထည့် ၁၀၀၀-ထည့်လိုက်တော့.. စက်က ခုနလို ၁၀-စက္ကန့်နဲ့ အဖြေမထွက်ဘူးဖြစ်နေတယ်။ စက်လည်း တော်တော်ခေါင်းခြောက်သွားမပေါ့... အတော်လေးကြာတော့စာရွက်တစ်ရွက်ကျလာတယ်။ သင် အဖြေလိုချင်လျှင် နောက်ထပ် ၄၀၀၀-ထပ်ထည့်ရန်တဲ့..၊ အင်း ဟုတ်တာပဲလေ.. သူ့ Sample က ၅-မျိုးစပ်ကိုး..၊ ဒါနဲ့ နောက် ၄၀၀၀- ထပ်ထည့်လိုက်တော့ စာရွက်ရှည် တစ်ရွက်ကျလာလေရဲ့..။
(၁) သင့်အိမ်က ရေပိုက် သံချေးတက်နေသည်။ အသစ်မလဲပါက ကျန်းမာရေးထိခိုက်မည်။
(၂) သင့်အိမ်က ခွေးမလေး ၀ဲပေါက်နေသည်။ မကုပါက အိမ်သားများကို ကူးစက်မည်။
(၃) သင့်သမီး မူးယစ်ဆေးစွဲနေသည်။ အချိန်မီမတားဆီးက နောင် AIDS ရလာနိုင်သည်။
(၄) သင့်မိန်းမ ကိုယ်၀န်ရှိနေသည်။ ယောက်ျားလေး၊ အမြွှာပူး၊ ကျန်းမာသည်။ သို့သော်သင်နှင့်ရတာမဟုတ်။
(၅) သင့်ဒီလိုလက်ကမြင်းနေသ၍ ညာလက်မောင်းနာတာ ဘယ်တော့မှ မပျောက်။
<<<<< Zawgyi Version >>>>>