Saturday, March 7, 2015

ကောသလအိမ်မက် ၁၆ ချက် - ၃ ( ၉ - ၁၂ )

အနားကြည်၍ အလယ်မှာ နောက်သောရေကန်ကြီး၏ ကမ်းခြေမှာ ကျေးငှက်သတ္တဝါများ နေထိုင်ကြသည်ဟု အိမ်မက် မြင်မက်သည်။

ဖြေ
နောင်အခါ လူတို့မှာ ခန္တီမေတ္တာ တရားများ မရှိကြ၍ အခွန်အကောက် နှိပ်စက်လွန်းသောကြောင့် မြို့နေလူတို့သည် မြို့စွန်ရွာနားသို့ ပြောင်းရွေ့နေရလိမ့်မည်။

၁၀
ထမင်းအိုး တလုံးထဲတွင် ထမင်းပျော့ခြင်း မနပ်ခြင်း ကောင်းစွာကျက်ခြင်း သုံးမျိုးဖြစ်လာသည်ဟု မြင်မက်သည်။

ဖြေ
နောင်အခါ လူတို့သည် တရားမစောင့်၍ မိုးများလွန်း မိုးနဲလွန်း မိုးသင့်ရုံ ဟူ၍ သုံးမျိုးရွာလိမ့်မည်။

၁၁
အဖိုးတစ်သိန်းတန်သော စန္ဒကူးနစ်ကို ရက်တက်ပုတ်ရည်ဖြင့် လဲ၍ရောင်းစားသည်ဟု မြင်မက်တော် မူသည်။

ဖြေ
နောင်အခါ သာသနာဆုတ်ယုတ်သော ကာလမှာ သီလပျက်သူတို့သည် ဘုရားရှင်၏ နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်ကို အသပြာရလိုမှုရှေ့ရှု၍ လူတို့အကြိုက်လိုက်ပြီး ဟောကြားလိမ့်မည်။

၁၂
ဗူးတောင်တို့သည် ရေ၌ နစ်သည်ဟု မြင်မက်သည်။

ဖြေ
နောင်အခါ တရားမစောင့်သော သူတို့ လက်ထပ်၌ သူတော်ကောင်းတို့၏ စကားကိုပယ်၍ သူယုတ်မာတို့၏ စကားကို လက်ခံကြလိမ့်မည်။
.
.
~ #GaRa ~

No comments:

Post a Comment