Sunday, March 8, 2015

မိန်းကလေးဆိုတာ .. ..

ဒီနေ့တော့ ဖွဘုတ်မှာ သယ်ရင်း တယောက်နဲ့ စကားပြောဖစ်တယ် . သူက ဖရီး သင်ကာ တယောက် ကဗျာ ဆရာတယောက်ပေါ့ . သူကပြောတယ် . " မိန်းကလေးဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ ကွာခြားတဲ့လူပဲ ဘာမှမကွာဘူး မိန်းကလေးဖြစ်လို့ ဦးစားပေးရမယ်ဆိုတာကမှ မိန်းမတွေကို နှိမ်တာ " .
အဲ့ကနေ ဆက်တွေးမိတယ် . မိန်းကလေးတွေဟာ တကယ်ကော တန်းတူ ဆက်ဆံခံနေရလား ??
.
ယေဘူယျပြောရရင် မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ ယှဉ်ရင် ခန္ဓာကိုယ် အချိုးအစားသေးသလို ခွန်အားနည်းပါတယ် . အဲတော့ ဘာဖြစ်လဲဆိုတော့ လူတွေရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်ပြန်ကြည့်၇င် ကျောက်ခေတ်ကိုဖြတ်သန်းလာရပါတယ် . အဲ့မှာ ကျောက်တုံးတွေ လက်နက်အဖြစ်သုံးတယ် . အမဲလိုက် စိုက်ပျိုးပြီး စားသောက်ကြပါတယ် . ဒီဖက်ခေတ်မှာလို ကိရိယာတွေ မပေါ်သေးတော့ ခွန်နဲ့ အားနဲ့ အလုပ်လုပ်ရတော့ မိန်းကလေးတွေက ဘယ်ယှဉ်နိုင်ပါ့မလဲ .
.
နောက်တခုက မိန်းကလေးတွေဟာ ကိုယ်ဝန်ဆောင်ပြီး မျိုးဆက်သစ်လေးတွေကို မွေးထုတ်ပေးကြပါတယ် . အဲတော့ သူတို့ရဲ့ ရင်သွေးတွေကို ဂရုတစိုက်နဲ့ နူးနူး ညံ့ညံ့ ပြုစုပေးကြပါတယ် . မိခင်စိတ်ဆိုတာ မိန်းကလေးတိုင်းနီးပါးရှိကြသဗျ . အဲတော့ ပြောရရင် မိန်းကလေးတွေက နူးညံ့တယ် ပျော့ပြောင်းတယ် ပေါ့ဗျာ .
.
အဲလိုနဲ့ စလိုက်တဲ့ ဇာတ်လမ်းဟာ အစဉ်အဆက် ဆုံးမ သွန်သင်မှုကနေ မိန်းကလေးတွေဟာ ခွဲခြား ဆက်ဆံ ခံနေရသလို ဖြစ်လာပါတယ် . အထူးသဖြင့် အရှေ့တိုင်း ယဉ်ကျေးမှုမှာပေါ့ . မိန်းကလေးတွေဟာ ငယ်စဉ်ထဲက ခွဲခြားသွန်သင်ခံလာရတာပါ . သူတို့ရဲ့ လွတ်လပ်စွာ လုပ်ကိုင်မှုတွေကို ဟန့်တားခံရပါတယ် .
.
" မိန်းကလေးဆိုတာ ပေါင်ဖြဲကားပြီးမထိုင်ရဘူး ."
" မိန်းကလေးဆိုတာ ခွက်ထိုးခွက်လန်မရီရဘူး . "
" မိန်းကလေးဆိုတာ စကားပြောမရိုင်းရဘူး . "
" မိန်းကလေးဆိုတာ ယောက်ျားလေးတွေကို စေ့စေ့မကြည့်ရဘူး "
" မိန်းကလေးဆိုတာ .. .. " စသည်ဖြင့် ဆိုဆုံးမမှုတွေ အနည်းနဲ့ အများကြားကြရမှာပါ .
အဲလို သင်ကြားမှုတွေက ဘာဖြစ်လာလဲဆိုတော့ မိန်းကလေးတွေကို အနေကြုံ့စေပြီး  ကိုယ့်ကိုယ်ကို မ၀ံ့မရဖြစ်စေပါတယ် . လူရှေ့သူရှေ့ မှာကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းစေပါတယ် . အဲလိုကနေ မိန်းကလေးဆိုတာ သိုသိုသိပ်သိပ် ဖုံးဖုံးဖိဖိ နေထိုင်ရတယ်ဆိုတာကို မိန်းကလေးတွေ ကိုယ်တိုင်က ကျေကျေနပ်နပ် ( မကျေနပ်တဲ့ သူတချို့ရှိနိုင်ပေမယ့် လွန်ဆန်နိုင်တာမှတ်လို့ ) လက်ခံ ကျင့်သုံးရင်း အမှန်တရားတခုဖြစ်လာပါလေရောလား .
.
ခုခေတ်လို ခွန်နဲ့ အားနဲ့ အလုပ်လုပ်ဖို့ မလိုတဲ့ ခေတ်မှာတောင်မှ ခွဲခြားခံနေရတုန်းပါပဲ . ဘယ်လိုပဲ အမျိုးသမီး တန်းတူအခွင့်အရေးတောင်းဆို တောင်းဆို ခွဲခြားမှုတွေရှိနေတုန်းပါပဲ .
တချို့နိုင်ငံတွေမှာ မိန်းကလေးတွေ ကားမောင်းခွင့်မရပါဘူး .
တချို့နိုင်ငံတွေမှာ အပြင်ထွက်ရင် တကိုယ်လုံးဖုံးနေအောင် ၀တ်ထားရပါတယ် .
တချို့နိုင်ငံတွေမှာတော့ ၁၃ ၁၄ လောက်နဲ့ အိမ်ထောင်ပြုကြရပါတယ် .
တချို့နိုင်ငံတွေမှာ မြေအိမ် ပိုင်ဆိုင်ခွင့် မဲပေးခွင့်မရကြပါဘူး .
ဒါတွေကတော့ အလွန်ခွဲခြားခံနေရတဲ့ နိုင်ငံတွေမှာပေါ့ .
ဒါပေမယ့် တန်းတူပါပဲဆိုတဲ့ဆိုတဲ့ US မှာတောင် စစ်တမ်းတခုအရ 1988 မှာ မိန်းကလေး နဲ့ ယောက်ျားလေး အလုပ်ချင်း ရာထူးချင်းတူရင် လုပ်ခ ကွာခြားမှု ၂၈ ရာနှုန်းကွာခြားပြီး ခု ၂၀၀၇ မှာတော့ ၁၁ ရာနှုန်း ကွာခြားချက်ရှိတယ်လို့ဆိုပါတယ် .
၁၇ ရာနှုန်းဆိုးတက်လာတဲ့ သဘောပေါ့ဗျာ .
.
အဲတော့ ဒီစာ ဖတ်နေတဲ့ မိန်းကလေး တယောက်အနေနဲ့ ယောက်ျားလေး တယောက်လုပ်နိုင်တာ အကုန်နီးပါးကို လုပ်နိုင်တယ်ဆို သိထားပါ . တချိန်တည်းမှာ ကိုယ့်ပတ်ဝန်းကျင်မှာ အရိုးစွဲနေတဲ့ အယူအဆတွေကို တတ်နိုင်သလောက် ပြောင်းလဲဖို့ ကြိုးစားပါ . အတင်း အတိုက်အခံလုပ် အရွဲ့တိုက်ရင်လည်း အဆင်မပြေနိုင်ပါဘူး . ပြောင်းလဲဖို့ ကိုယ်ကိုယ်တိုင်က စပါ . မိန်းကလေး တယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြပါ . ယုံကြည်စိတ်မွေးပါ .
.
ကိုယ်တိုင်က ခွဲခြားခံရမှုမှာ အရိုးစွဲနေပြီး မပြောင်းလဲနိုင်တော့ဘူးဆိုရင်လည်း နောင်တချိန် ကိုယ် မိဘဖြစ်ချိန်မှာ ကိုယ့်မျိုးဆက်တွေကို အယူအဆဟောင်းတွေအမွေ မပေးမိပါစေနဲ့ . သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ်နဲ့ ပြောင်းလဲ တွေးခေါ်ကြပါစေ . မိရိုးဖလာဆိုတာတွေနဲ့ မိန်းကလေးတွေကို  ချုပ်နှောင်မထားကြပါနဲ့တော့ .
.
တကယ်တော့  ယောက်ျားမို့ မိန်းမမို့ ပိုပြီး မြင့်မြတ်တယ်ဆိုတာ မရှိကြပါဘူး . လူသားအားလုံးဟာ သဘာဝချင်းမတူပေမယ့် ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့ လူချင်းတူတူပါပဲ . လူလူချင်း ဦးစားပေးတာကလည်း ကောင်းတဲ့ အမူအကျင့်ပဲ မဟုတ်ပါလားး :) :)
.
~ #GaRa ~

No comments:

Post a Comment