၁၃
ကျောက်ဖြာကြီးသည် လှေကဲ့သို့ ရေ၌ပေါ်နေသည်ဟု မြင်မက်သည်။
ဖြေ
နောင်အခါ ဆုတ်ယုတ်သော ကာလ၌ လူတို့သည် သီလနှင့်ပြည့်စုံသော ရဟန်းသံဃာ သူတော်ကောင်းတို့၏ စကားကို နားမထောင်ဘဲ ရှောင်ခွါသွားကြ လိမ့်မည်။
ကျောက်ဖြာကြီးသည် လှေကဲ့သို့ ရေ၌ပေါ်နေသည်ဟု မြင်မက်သည်။
ဖြေ
နောင်အခါ ဆုတ်ယုတ်သော ကာလ၌ လူတို့သည် သီလနှင့်ပြည့်စုံသော ရဟန်းသံဃာ သူတော်ကောင်းတို့၏ စကားကို နားမထောင်ဘဲ ရှောင်ခွါသွားကြ လိမ့်မည်။
၁၄
ဖားမငယ်သည် မြွေကြီးကို ကိုက်ဖြတ်စားသောက် ဝါးမြိုသည်ဟု မြင်မက်သည်။ဖြေ
နောင်အခါ လူတို့သည် ဆုတ်ယုတ်သော ကာလဝယ် ရာဂလွန်ကဲ အလိုလိုက်၍ လင်ယောင်္ကျားတို့သည် ငယ်ရွယ်သော ဇနီးမယားတို့ကို အလိုလိုက်ကြမည်။ ကျေးကျွန်ကဲ့သို့ ဆဲရေးပြောဆို ရန်ထောင်ခြင်းလည်းခံရမည်။
၁၅
သူယုတ်မာတို့ နေထိုင်သော ရွာမှ ကျက်စားသော ကျီးတို့ကို ရွှေဟင်္သာတို့က ခြံရံ၍ နေကြသည်ဟု မြင်မက်သည်။
ဖြေ
နောင်အခါ အမျိုးမြတ်သောသူတို့သည် ဆင်းရဲကြကုန်သည်ဖြင့်၍ အသက်မွေးခြင်းငှာ အမျိုးယုတ်သောသူတို့ထံမှာ အောက်ကျို့ခယ မှီခို ကြရလိမ့်မည်။

၁၆
ဆိတ်တို့သည် ကျားသစ်တို့ကို ဖမ်းယူကိုက်ဖြတ် စားသောက်ကြသည်ဟု မြင်မက်၏။
ဖြေ
နောင်အခါ တရားမစောင့်သော ကာလမှာ သူယုတ်မာတို့သည် သူတော်ကောင်းတို့ကို ဖမ်းဆီး ချုပ်နှောင်နှိပ်စက်ပြီး လယ်ယာမြေ ပစ္စည်းဥစ္စာတို့ကို လုယူသိမ်းပိုက်ကြလိမ့်မည်။
.
.
~ #GaRa ~
No comments:
Post a Comment