စွမ်းအားရှင်ကိစ္စက တိုင်းအစိုးရက သူတို့ သဘောနဲ့ သူတို့လုပ်တာပါ။ ပြည်ထဲရေးဝန်ကြီးကော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့ရော ဗဟိုအစိုးရကော တကယ်ကို တစ်ဦးတစ်ယောက်ရဲ့ အမိန့်ကို မပါခဲ့တာပါ။
ဘယ်လိုကျွန်တော်သိသလဲ... ကျွန်တော် ယုံကြည်ရတဲ့ သတင်းအရင်းအမြစ် ရှိနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးထံသို့ ဖြစ်စဉ် ဖြစ်ပွားပြီးပြီးခြင်း ဖုန်းဆက်ပြီး သတင်းမေးပါတယ်။ ကျွန်တော့် မိတ်ဆွေက ယတိပြတ်ငြင်းပါတယ်။ ငါတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ public မှာ impression ကောင်းအောင် ကြိုးစားနေတဲ့အချိန်မှာ ဒီလို နည်းလမ်းတွေ အသုံးပြုမှာ မဟုတ်ဘူးဆိုတဲ့အဖြေကို ပြန်ကြားခဲ့ရပါတယ်။
ကျွန်တော်လည်း ရဲတပ်ဖွဲ့ကို EU က သင်ကြားပေးတုန်းက ကိုယ်တိုင် သွားရောက် ကြည့်ရှုလေ့လာခဲ့သူပါ။ ဒါကြောင့် ရဲတပ်ဖွဲ့ရဲ့ သဘောဆန္ဒတစ်ခုတည်းနဲ့တော့ ဒီလို အဖြစ်အပျက်မျိုး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ယုံကြည်ပြီးသားပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အထိကရုံးနှိမ်နင်းရေးအတွက် လိုအပ်တပ် အင်အားကော စွမ်းရည်ကော ရှိပြီးသားပါ။ EU က လည်း အကောင်းဆုံး ပူးပေါင်း သင်ကြားပေးခဲ့သလို လက်ရှိ equipment တွေကလည်း နိုင်ငံတကာအဆင့်မှီ ရှိပြီးသားပါ။
တစ်ခု ထပ်ပြောရရင် လက်ရှိ ရေအမြောက်ကား water canon car က တရုတ်ကလှူတယ်လို့ ဂျာနယ်တွေမှာ ဝိုင်းရေးပါတယ်။ လုံးဝ (လုံဝ)ကို မှားပါတယ်။ အဲဒါက မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆင့်မြှင့်တင်တဲ့ budget တွေထဲကနေ ဝယ်ယူခဲ့ရတာပါ။ တရုတ်က လက်ဆောင်ပေးတာ လုံးဝ မဟုတ်ပါ။ နောက်တစ်ခုက အဲဒီ ရေကားကို အသုံးပြုတဲ့ နည်းစနစ်တွေကို facebook ပေါ်မှာ ဖြန့်ဝေနေတာတွေ ထပ်တွေ့ရပါတယ်။ အတော်များများက အမှားတွေပါပဲ... ဒီရေကားက ဆန္ဒပြတဲ့ ပြည်သူဖြစ်စေ လူအုပ်ဖြစ်စေ ထိုးခွင်း ဖြိုခွဲဖို့ မဟုတ်ပါ။ ဒီ ရေကားက ထွက်လာတဲ့ ရေအားနဲ့ ဆန္ဒပြလူအုပ်ကို သတ်မှတ်ထားတဲ့ စည်းမကျော်စေဖို့ သတိပေးတဲ့ နေရာမှာသာ အသုံးပြုတာ ဖြစ်ပါတယ်။ သာမန် မီးသတ်ကားတွေ သုံးရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဒီရေကားကနေ တားဆီးပေးနိုင်ပါတယ်။ နောက်တစ်ချက်က ဒီရေကားက နိုင်ငံတကာရဲတပ်ဖွဲ့တိုင်းမှာ ရှိပါတယ်။ မြန်မာရဲတပ်ဖွဲ့ တစ်ခုတည်း သုံးတာ မဟုတ်ပါ။ အဆင့်အတန်းမှီတဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့ လိုအပ်တဲ့ အသုံးအဆောင်တွေလိုပါတယ်။ အဲဒီလို ခေတ်မှီတဲ့ အသုံးအဆောင်တွေ မရှိရင်တကယ်တန်း နစ်တာမှာ ပြည်သူပါပဲ။ မရှိရှိတဲ့ ပစ္စည်းကိရိယာနဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းမှ မလိုအပ်ပဲ သေကြေဒဏ်ရာ ရကုန်နိုင်လို့ပါ။
ဒါက ကျွန်တော် သိသလောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အဆင့်မြှင့်တင်ထားတဲ့စွမ်းဆောင်ရည်များနဲ့ သဘောထား အချို့ပါ။
ဟုတ်ပါပြီ... ရဲတွေက ၁၀၀ ရာနှုန်းအပြည့် ကောင်းတယ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါ။ မြန်မာလူမျိုးတွေက ရဲဆိုတိုင်း ရဲအားလုံး သိမ်းကြုံးမုန်းပါတယ်။ ဒါက သူတို့ရဲ့ ဖွဲ့စည်းပုံတွေကို မသိလို့ဖြစ်မှာပါ။ ရဲတပ်ဖွဲ့မှာ လူတွေသိကြတာ ဆန္ဒပြတဲ့သူတွေကို ဖမ်းတဲ့ရဲ၊ ကားတွေကိုတားပြီး ငွေညှစ်တဲ့ရဲ၊ ညဖက် ကေတီဗီတွေ မာဆက်တွေမှာ ဆက်ကြေးကောက် ဖဲ နှလုံး သုံးလုံး ဘောလုံး ဒိုင်တွေဆီက ငွေကောက်ခံတဲ့ ရဲတွေ သူခိုဖမ်းမပေးတဲ့ ရပ်ကွက်ရဲတွေ အဲဒါတွေကို မြင်နေ တွေ့နေရတာနဲ့ ရဲအားလုံးကို သိမ်းကြုံးမုန်းတယ်လို့ မြင်မိပါတယ်။
တကယ်က ရဲတပ်ဖွဲ့မှာ ဌာနတွေ အများကြီးပါ... လေကြောင်းရဲ၊ ရေကြောင်းရဲ၊ ကမ္ဘာလှည့်ခရီးသည်စောင့်ရှောက်ရေးရဲ၊ အကြမ်းဖက်ကာကွယ်ရေးရဲ၊ မှုခင်းရဲ၊ ငွေကြေးဆိုင်ရာရဲ၊ စည်ပင်ရဲ၊ မူးယစ်ရဲ၊ ရထားရဲ၊ ယာဉ်ထိမ်းရဲ စသည်ဖြင့် ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ပေါင်း များစွာရှိပါတယ်။
အဲဒီ ရဲတပ်ဖွဲ့တွေထဲက အချို့သော တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတဲ့ တပ်ဖွဲ့ဝင်တွေ မဟုတ်ပါ။ ဒါကြောင့် သူတို့ တာဝန်ကျေပွန်အောင် ဘယ်လို ထမ်းဆောင်နေရတယ်ဆိုတာကို ပြည်သူတွေအနေနဲ့ သိခွင့် မရတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ရဲတပ်ဖွဲ့ဝင်တိုင်းကို သိမ်းကြုံးမုန်းလို့ မရပါ။ လုပ်ငန်းတိုင်းမှာ သူတို့ရဲ့ ဆောင်ရွက်ရမယ့် အဆင့်တွေ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဒါကြောင့် အခုလို ပြုပြင်ပြောင်းလဲလာတဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းအချို့ကို နားလည်မှုပေးရင်း လက်ကမ်းကြိုမယ်ဆိုရင် မကြာမီ ကာလတွေမှာ ပြည်သူတွေချစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာမှာ မလွဲပါဘူး။
ထားပါတော့ အခု ဆက်ရေးချင်တာက၊ ကျွန်တော်ဟာ ဗဟိုအစိုးရနဲ့ ပြည်ထဲရေး ရဲတပ်ဖွဲ့တို့ရဲ့ မူဝါဒနဲ့ သဘောထား သိပြီးနောက် ပြီးခဲ့တဲ့ စွမ်းအားရှင်တွေ ပါဝင်တဲ့ ဖြစ်စဉ်ဟာ တိုင်းအစိုးရရဲ့ ပြီးစလွယ် သေသပ်မှုမရှိတဲ့ အဆင့်မရှိတဲ့ စီစဉ်မှုဆိုတာကို သိလိုက်ရပါတယ်။ ခေါ်လာတဲ့သူတွေကလည်း ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ကလေကချေတွေပါ။ သူတို့ကို ပြည်သူ့အင်အားလို့ ဘယ်လိုမှ သတ်မှတ်လို့ မရပါဘူး။ ဒါကြောင့်လည်း ဒီ ဖြစ်စဉ်ကို ပြင်းထန်စွာ ရှုံ့ချ ကန့်ကွက်တဲ့အနေနဲ့ post ၃ ခုကို ရေးပါတယ်။ ကျွန်တော် ယောကျာ်းပါ၊ ကျွန်တော် သတင်းတကယ်သိတဲ့သူဖြစ်လို့ ကျွန်တော် ရေးတာ ကျွန်တော် ယုံပါတယ်။ အဲဒီအချိန်မှာ ကျင့် ၁၂၈ တို့ ဘာတို့ကို scan ဖတ် အင်တာနက်တင်ပြီး ဒါက တရားဝင်တယ်ဆိုပြီး ဖင်ပိတ် ငြင်း လိုက်ကာနေတဲ့ လော်ဘီအချို့ကို ဝမ်းနည်းဖွယ် တွေ့ရပါတယ်။
ကျွန်တော်က ဗဟိုအစိုးရရဲ့ သဘောထားကို သိပြီးသူ ကြည့်မြင်တိုင် တစ်ဖက်မ်းက လူမိုက်တွေ ခေါ်လာတာ သိပြီးသူဖြစ်လို့ ဒီကိစ္စကို ကန့်ကွက်တာပါ။ ဒါကို သတင်းအရင်းအမြစ်ကော ဖြစ်စဉ်အသေးစိတ်ကော သဘောထားအမှန်ကော မသိတဲ့ ပုဂ္ဂိုလ်အချို့ မှူးဇော်နဲ့ ပြန်ကြားရေးဝန်ကြီးအပါအဝင် အွန်လိုင်း လောဘီသီးသန့် အချို့က ဘာမှန်းမသိ ညာမှန်းမသိ ထပြီးထောက်ခံနေတာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။ ကျွန်တော် တစ်ခါမှ ဆန္ဒပြတာကို ထောက်ခံတယ် မဖမ်းပါနဲ့ မပြောခဲ့ပါ မတင်ခဲ့ဖူးပါ။ ကျွန်တော်ရေးတဲ့စာတိုင်း ဖတ်ဖူးသူတိုင်း သိပါလိမ့်မယ်။
ကျွန်တော်က ရဲတပ်ဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ အဆင့်တွေ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်တာတွေကို လက်ခံတဲ့သူတစ်ယောက်ပါ။ ဒါကြောင့် ရဲတပ်ဖွဲ့ရဲ့ လုပ်နည်း အဆင့်တွေလည်း မပါသလို ခုလို လူမိုက်ငှား ဝိုင်းရိုက်တာက မင်းမဲ့ စရိုက်ဖြစ်သွားပါပြီ။ ဥပဒေဘောင်အတွင်းက နေသူက ဥပဒေဘောင်အတွင်းကပဲ တုန့်ပြန်ရပါတယ်။ ကျင့် ၁၂၈ မှာ ပါတာ မှန်ပါတယ်။ တကယ့် ပြည်သူ စစ်စစ်တွေက အကြမ်းဖက်ဖို့ ပြုလုပ်လာတဲ့ လူအုပ်ကို ဝင်ရောက် ဖမ်းဆီးနိုင်ပါတယ်။ လိုအပ်ရင် ရဲတပ်ဖွဲ့က တရားဝင်ဆင်ပေးထားတဲ့ ထိခိုက်မှု နည်းနိုင်သမျှ နည်းသော လက်နက်တွေ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းက ထောင်ထွက် လူမိုက် ခါးပိုက်နှိက် မဒိန်းကောင် လူသတ်သမားတွေကို ငှားပြီး ဝါးရင်းဒုတ်နဲ့ ဆော်ဖို့တော့ မပြဌာန်းထားပါဘူး။
ဒါတွေကြောင့် ကျွန်တော် ဘယ်လို ပြင်းထန်စွာ ကန့်ကွက်တယ်ဆိုတာကော မြန်မာနိုင်ငံရဲတပ်ဖွဲ့လုပ်တာမဟုတ်ဘူး တိုင်းအစိုးရ အဖွဲကလုပ်တာ ဆိုတာကိုပါ ကျွန်တော် ရေးသားခဲ့ပါတယ်။
အဲဒီအချိန်မှာ မီဒီယာအချို့ကလည်း ကျွန်တော့်ကို မေးပါတယ် ဗဟိုအစိုးရ လုပ်တာမဟုတ်ဖူးသာပြောတာ ပြန်ကြားရေးဝန်ကြီးကော မှူးဇော်ကောက လိုက်ကာနေတယ် အွန်လိုင်းလောဘီတွေက လိုက်ကာနေတယ် ဘာသဘောလည်းလို့ မေးတော့ ကျွန်တော်ဖြေပါတယ်။ မယုံစောင့်ကြည့်ပါ မှူးဇော်ကော ပြန်ကြားရေးဝန်ကြီးကော အဖျားရှုးသွားပါလိမ့်မယ် သူတို့တင်ထားတာ သူတို့ ပြန်ဖျက်ပါလိမ့်မယ်လို့သာ ကျွန်တော် ပြောခဲ့ပါတယ်။ ယတိပြတ် ပြောခဲ့တာပါ။ အခုလည်း ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ပြန်ကြားရေးဝန်ကြီးကလည်း ဗဟိုအစိုးရလုပ်တာ မဟုတ်ဘူး တိုင်းအစိုးရလုပ်တာ မှူးဇော်ကလည်း သူတင်ထားတာ သူပြန်ဖျက်သွားပါတယ်။ အခြားလော်ဘီတွေတော့ သိပ်အဆင့်ရှိလှတယ် မသတ်မှတ်လို့ ကျွန်တော် မပြောတော့ပါ။
ဒါကြောင့် နောင်ဆို ကာချင်ရင် ဖုံးချင် ဖိချင်ရင် သတင်းကို အတိအကျသိမှ ဘယ်သူ့သဘောထား ဘယ်သူ command ပေးတာ ကွပ်ကဲတာ ဒါတွေကို သိမှ ကာပါ ဖုံးပါ ဖိပါ။ မသေချာပေးပဲနဲ့ ဟို ဥပဒေလျှောက်တင် ဒီဥပဒေလျှောက်တင် ဟိုနိုင်ငံမှာ နှိမ်နင်းတာတွေ ကို လျှောက်ပြနဲ့ စွတ်မတင်ပါနဲ့။ ဟိုနိုင်ငံမှာ နှိမ်နင်းတာကို တကယ်ဖြစ်နေတဲ့ နေရာ မရောက်ပဲ ပုံကြည့်ယုံနဲ့ မသိနိုင်ပါ။ ဟိုမှာ ဖမ်းပေးနေတဲ့ ပြည်သူတွေက တကယ့်ပြည်သူစစ်စစ်ပါ။ ကြည့်မြင်တိုင် တစ်ဖက်ကမ်းကလူမိုက်တွေလို ငှားပြီး ဒုတ်နဲ့ ရိုက်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ဘယ်လောက် သိလည်း မေးရင် EU က သင်တန်းပေးနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်နေတဲ့ နေရာတိုင်းနီးပါး ကျွန်တော် ရောက်ဖူး လေ့လာဖူးပါတယ်။ EU က ရဲ အရာရှိကြီးတွေနဲ့လည်း ကျွန်တော် အပြင်မှာ ခင်မင်ရင်းနှီးပါတယ်။ EU ရဲ့ တရားဝင် ရုံးက ကျွန်တော်အိမ်နဲ့ နီးနီးလေးပါ။ ကျွန်တော်တို့ အများကြီး စကားတွေလည်း ပြောဖြစ်ကြဖူးပါတယ်။ ဒါကြောင့် သူများတိုင်းပြည်မှာ ဘယ်လို လုပ်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကကော ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ သိလို့ အတိအကျရေးပါတယ်။ တိုင်းအစိုးရ ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာပါ ရေးပါတယ်။ ဗဟိုအစိုးရ မဟုတ် ပြည်ထဲရေးနဲ့ မဆိုင်ဘူးလို့ ကျွန်တော် တင်ပြပါတယ်။ ဒါကြောင့် ကျွန်တော်ရေးတာ မှန်လားမှားလား လွန်ခဲ့တဲ့ ၂ ရက်က တင်ခဲတဲ့ ကျွန်တော့် post ၃ ခုစလုံးကို လုံးဝ မဖျက်ပါ။ ပြန်ကြည့်နိုင်ပါတ.်။ ဒါကြောင့် လော်ဘီလုပ်တိုင်း စွပ်ကာပေးတိုင်း မကောင်းပါ။ မဟုတ်ရင် အခုတစ်မျိုး တော်ကြာ်တစ်မျိုးနဲ့ အွန်လိုင်းလောဘီအနေနဲ့ မှူးဇော်ကော ပြန်ကြားရေး ဝန်ကြီးကော အရှက်တကွဲဖြစ်နိုင်ပါတယ်လို့ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
သစ္စာ
၂၀၁၅ ခုနှစ် မတ်လ ၇ ရက်
၂၀၁၅ ခုနှစ် မတ်လ ၇ ရက်
No comments:
Post a Comment