(ဆောင်းပါးနည်းနည်းရှည်ပါမည်။ သည်းခံဖတ်ပေးကြပါ။ ကျွန်တော်တို့ပညာပေး အစီအစဉ်လေးကို ဆက်လက်မျှဝေပေးကြပါ။ ကျေးဇူးတင်ပါတယ်။)
သန်းခေါင်စာရင်း ကောက်ယူပီး သိလိုက်ရတာကတော့ ရန်ကုန် တိုင်း ဒေသကြီး တွင် လူဦးရေ ရှစ်သန်း ရှိပီး
မြန်မာ တစ်နိုင်ငံလုံး လူဦးရေ၏ ၁၈ ရာခိုင်နှုန်းနေထိုက်လျက်ရှိတယ် ။ အယ်လိုနေထိုင်နေတဲ့ လူတွေထဲမှာ စီးပွားရေး လုပ်ငန်းမျိုးစုံဖြင့် စားဝတ်နေရေးကို ဖြေရှင်းလျက်ရှိပီး
လုပ်ငန်းရှင် ၊ အစိုးရ အမှုထမ်း ၊ စာရေး စာချီ ၊ Company ၀န်ထမ်း ၊ စတိုးဆိုင်ပိုင်ရှင် ၊ စားသောက်ဆိုင်ပိုင်ရှင် ၊ စားပွဲထိုး ၊ လမ်းဘေးဈေးသည် ၊
ကြုံရာကျပန်း အလုပ်သမား ၊ ဆိုက်ကား နဲ့  အငှားယာဉ်မောင်း စသဖြင့် မျိုးမည်စုံလှတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေထိုင်ကြတယ် ..
အယ်ဒီထဲမှာ လူတကာ နှခေါင်းရှုံ့ သော်လည်း ၊ အယ်လို နှခေါင်းရှုံ့ တဲ့သူတွေလဲ မကင်းလွတ်သော ပျော်တော်ဆက်မယ် တွေက တစ်နေ့ တစ်ခြား ပေါများလာတယ် ။
တိုက်ရိုက် ခေါ်မယ်ဆိုရင် CSW ၊ သွယ်ဝိုက် လုပ်ကိုင်သူတွေကို ICSW ပျော်တော်ဆက်မယ် အရေအတွက် မှာ လူဦးရေ တစ်သိန်းခန့်  အထိရှိနေပီဟု
လူမှုရေး အဖွဲ့ အစည်း တစ်ခုထံမှာ သိရတယ် ။ အင်တာနက်ပေါ်မှာ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံပြည်တန်ဆာ လုပ်ငန်း အတွက် လူအရင်းအမြစ်ပေးသည့် နိုင်ငံဟုပင် ဖော်ပြထားတယ် ။
မြန်မာနိုင်ငံရဲ့  HIV ရောဂါ ကူးစက်နှုန်း မှာ အရှေ့ တောင် အာရှ ဒေသတွင်း တွင် တတိယ နိုင်ငံဖစ်ပီး ကမ္ဘောဒီးယား နဲ့ ထိုင်းနိုင်ငံနောက်တွင် တည်ရှိကာ
ပျော်တော်ဆက်မယ် အားလုံး၏ ၃၂ ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက်ခံထားရသူများဟု ဖော်ပြထားသည် ။
မြန်မာနိုင်ငံတွင် ပျော်တော်ဆက်မယ် လုပ်သူများ၏ ၂၅ ရာခိုင် နှုန်းသာ ရောဂါရှိမရှိ .. စစ်ဆေးခံထားကြသူများ ဖစ်သည် ။

၂၀၁၂ - ၂၀၁၃ ခုနှစ်ကောက်ယူထားသော စာရင်း အရ မြန်မာနိုင်ငံတွေ HIV ဆေးသောက်သုံးရန်လိုအပ်သူ နှစ်သိန်းလေးသောင်း ကျော်ရှိသော်လည်း
လူရှစ်သောင်းကိုသာ ဆေးပေးနိုင်သေးသည် ဟု သိရတယ် .. အစိုးရနှင့် ပြင်ပအဖွဲ့ အစည်းများ ကောက်ယူထားသော စာရင်းအရ
မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ အလုပ်လုပ်သူ (Commercial sex workers - CSW) မှာ ခြောက်သောင်းကျော်ရှိပီး
(Indirect Commercial sex workers - ICSW) မှာထိုထက် အဆများစွာ ရှိနိုင်သည်ဟု သိရတယ် ..
အဆိုပါ စာရင်းမှာလဲ အမှန်စာရင်းထက် များစွာလျော့နည်းနိုင်ကြောင်း ... ဘာလို့ လဲဆိုရင် ပြည်တန်ဆာ စာရင်းကောက်ရသည်မှာ
သန်းခေါင်စာရင်း ကောက်ရသကဲ့သို့  မဟုတ်သောကြောင့် ဟု အဆိုပါ စာရင်းကောက်ယူရာတွင် ပါဝင်သော ဆရာဝန် တစ်ဦးက ပြောတယ် ။

အယ်လို ပျော်တော်ဆက်မယ်များတွင် လမ်းဘေးတွင် မတ်တပ်ရပ်ပီး ကိုယ့်ခန္ဒာကိုယ် ဈေးဖြတ်ရောင်းသူများမှသည်
တယ်လီဖုံးဆက်ခေါ်ကာ ကိုယ်ပိုင်ကား မောင်းပီး လာသော တစ်ကိုယ်တော် ပျော်တော်ဆက်မယ် များအထိ အတန်းတန်း အစားစားရှိနေတယ် ။
ထိုပျော်တော်ဆက်မယ်လေးများ ဖစ်နေရခြင်း အကြောင်းက ယျေဘုယျ (၈) ချက်ရှိတယ် ...
တခြားအကြောင်းပြချက်တွေထဲမှာ ဒီအချက်တွေ ထက်ပိုရင်လဲ ပိုမှာပါ ... လျော့သွားမှာ တော့မဟုတ်ဝူး ...

(၁) မိသားစု စားဝတ်နေရေးကြောင့် မိဘ ကိုယ်တိုင် က သိလျက်ဖြင့် အထိုအလုပ်လုပ် ရန် ခိုင်းစေခံရသူ ၊
(၂) ကာရာအိုကေ ၊ အနှိပ်ခန်း နှင့် စင်တင် ဂီတကဲ့သို့ သော လုပ်ငန်းများတွင် လုပ်ကိုင်ရင်း တစ်ဦး နဲ့  တစ်ဦး ဂုဏ်တူ ဂုဏ်ပြိုင်လုပ်ရာမှ ဖစ်စေ ၊
ဆိုင်ရှင်၏ ငွေကြေးရှာဖွေရန် သတ်မှတ်ချက် အရ ဖစ်စေ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ ၊

(၃) ရည်းစားက လိင်ဆက်ဆံမှု ပြုပီး ပစ်သွားချိန်တွင် မထူးဇာတ်ခင်းသူ ၊
(၄) မသိနားမလည်ဘဲ လူကုန်ကူးခံရပီး ငြင်းဆန်ခွင့်မရှိဖစ်ကာ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ ၊
(၅) စားဝတ်နေရေး အတွက် ဖစ်စေ ၊ ပညာရေးအတွက် ဖစ်စေ ရန်ကုန် တက်လာပီး ရသည့်အလုပ်
အဆင်မပြေ ဖစ်သောကြောင့် လူမသိ သူမသိ ပျော်တော်ဆက်မယ် အလုပ်လုပ်သူ ၊

(၆) ငွေကြေးချမ်းသာ သူများ၏ စပွန်ဆာကို ရယူပီး တစ်ဦးတည်း အတွက်သာ ပျော်တော်ဆက်သူ ၊
(၇) ငယ်ငယ်ရွယ်ရွယ် ဖြင့် အိမ်ထောင်ပျက်ပီး ပျော်တော်ဆက်မယ် ဘ၀ ရောက်လာသူ
(၈) လိင်ဆက်ဆံ ဖက်တစ်ဦးတည်း ဖြင့် မတင်းတိမ်သဖြင့် လိင်ဆက်ဆံ ဖက်များများ ထားရာမှ ပျော်တော်ဆက်မယ် ဘ၀ ကူးပြောင်းလိုက်သူ ဆိုပီး (၈) မျိုးဖော်ပြထားတယ် ...
ဒါက ယျေဘုယျ .. တခြား အကြောင်းပြချက်တွေ အများကြီးနဲ့  လဲရှိချင်ရှိမယ် .. လူတစ်ယောက် နဲ့ တစ်ယောက်က တူတာမဟုတ် အထက်ပါ အချက်များနဲ့ ညှိနေရင်လဲ
ထိုကဲ့သို့  ပျော်တော်ဆက်မယ် ဘ၀ ရောက်မသွားသော သူများလဲ ရှိသည် .. ရောက်သွားသော သူများလဲရှိသည် ... လူတစ်ဦး နဲ့ တစ်ဦး ပါတ်ဝန်းကျင် မတူ
အခြေအနေ မတူ .. ဘ၀ မတူ ... တသတ်မတ်ထဲ တွက်၍ မရ ။

အချို့ က လုပ်ငန်းသဘော သဘာဝ အရ ပျော်တော်ဆက်မယ် ဘ၀သို့  သူတို့ ကိုယ် သူတို့ မသိပဲ ရောက်သွားသူများ ရှိတယ် .
ဥပမာ - စင်တင်ဂီတ စားသောက်ဆိုင်မှာ အဆိုတော်လေးများ၏ လစာမှာ ကျပ်လေးသောင်းခန့်  သာ ဖြစ်သည် ။ ဒီထက် ပိုချင်လဲ ပိုမှာပေါ့
အချိန်ပိုင်း အလုပ်လိုမျိုး ညပိုင်းမှ စည်းကားတာဆိုတော့ ဒီလစာ လောက်လဲ ဖစ်ချင်ဖစ်မှာပါ ...

ဆိုင်ရှင်က ဧည့်သည်ရရန် ပန်းကုံး မည်မျှရရန် သတ်မှတ်ပီး ထိုသတ်မှတ်ချက် မပြည့်ပါက တစ်လ အကြာ အလုပ်ဖြုတ်မည်ဆိုသောအခါ
တွေ့ တဲ့ ဧည့်သည် မိမိရဲ့  ခန္ဒာကိုယ် ထိုးကျွေးပီး အလုပ်မပြုတ်ရန် ဆွဲဆောင်ရင်း ဧည့်သည် တဖြေးဖြေးများလာကာ သူမ ကိုယ်တိုင်ပျော်တော်ဆက်မယ် ဘ၀သို့ 
ရောက်မှန်းမသိ ရောက်သွားတော့တယ် ။ နောက်ဆုံးမှာ အဆိုပါ စင်တင်ဂီတမယ် အများစုသည် AIDS ရောဂါသည် ဘ၀ဖြင့် ဇာတ်သိမ်းရလေ့ရှိသည် ။

ပြောရမယ်ဆိုရင် စင်တင်ဂီတ လောကမှာ တစ်ကြိမ်တည်း ပန်းကုံး ၁၄၅ သိန်းဖိုးရသော အဆိုတော်မလေး များအထိပင်ရှိခဲ့တယ် .
အယ်လိုရတဲ့ ပန်းကုံးကို ဆိုင်ရှင်က တစ်ဝက် ၊ ကာယကံရှင် က တစ်ဝက်ခွဲဝေယူပီး အဆိုပါ ဖစ်ထွန်း တဲ့ အဆိုတော်များကို ဆိုင်ရှင်တွေက
အထူးအခွင့် အရေးပေးလေ့ရှိတယ် ... တစ်ခါတစ်လေဆို စင်တင် စားသောက်ဆိုင် အချင်းချင်း
အဆိုတော်တွေ ကို တခြား ဆိုင်နဲ့  ချိတ်ပီး ၊ ဟိုပို့  ဒီခေါ် နဲ့  အကွက်တွေရှိတေးတယ် ... ။
ကန်တော်ကြီး ပတ်လမ်းပေါ်က စင်တင်စားသောက်ဆိုင် ဆိုလျှင် အသက် (၁၇) နှစ် ၊ (၁၈) နှစ် အရွယ် အဆိုတော်လေးများ မွေးမြုပီး ပန်းကုံးရှာလေ့ ရှိသည် ။
ဆိုင်၏ အစားအသောက် ရောင်းရငွေ နှင့် တစ်ညတာ ပန်းကုံး ရကြေး ယှဉ်လျှင် ပန်းကုံး ကြေးက ပိုများကြောင်းလည်း သိရတယ် ။

အသက်အရွယ် အားဖြင့် ပျော်တော်ဆက်မယ်လေး များသည် အငယ်ဆုံး (၁၄) နှစ်မှ အကြီးဆုံး (၄၀) ကျော်အထိရှိတယ် ။
အဆက်အသွယ် မရှိသော ပျော်တော်ဆက်မယ် များ အနေဖြင့် လမ်းမ ကြီးများပေါ်တွင် ရပ်ပီး ဖောက်သည် ရှာလေ့ရှိတယ် ။
အထူးသဖြင့် ပြည်လမ်းမကြီးပေါ်တွင် ကိုးမိုင် မှသည် လှည်းတန်း ယခင်မာလာဆောင် (ယခု အမျိုးသား အင်္ဂလိပ်စာဌာန) ရှေ့ အထိ ဖောက်သည်ရှာနေသော
ပျော်တော်ဆက်မယ်လေး များကို နေ့ စဉ်မြင်တွေ့ ရသည် ။

ယခု အခါ ပြည်သူ့ ရင်ပြင် ရှေ့ ပြည်လမ်းမကြီး ပေါ်တွင်ပါ တွေ့ လာရပီ ဖစ်တယ် ။ အလားတူ နေစောင်း သည် နှင့် ကန်တော်ကြီး ပတ်လမ်း တွင်
အလျှိုလျှို ထွက်လာသော ပျော်တော်ဆက်မယ်များ နှင့် လိင်တူရှာ ဂေးများကို တွေ့ မြင်နိုင်တယ် ၊
မြို့ ထဲတွင်လဲ ပန်းဆိုးတန်း တစ်ဝိုက် နှင့် လမ်း (၄၀) အနီးတစ်ဝိုက် တွင်လဲ တွေ့ ရတယ် ။

(ကိုယ်တွေ တော့ တတိတောင် မထားမိပါဝူး ဒီဆောင်းပါး ရေးတဲ့သူ .. အယ်ဒါတွေကြီးပဲ လိုက်ကြည့်ပီး အကဲဖြတ်နေပုံရတယ် .. )
ဝေဇယန္တာလမ်းမကြီးပေါ် တစ်လျှောက်တွင်လဲ နေ့ စဉ် နံနက် (၁၀) နာရီမှ ညနေစောင်းအထိ ပျော်တော်ဆက်မယ်များကို လမ်းပေါ်တွင်တွေ့ နိုင်သည် ။
သူတို့ ၏ ကြေးမှာ တစ်ညတာ ပျော်ပါးခ ကျပ် သုံးသောင်း မှ ငါးသောင်း အထိ ဖစ်ပီး တစ်ကြိမ်သာ ပျော်ပါးမည် ဆိုပါက
ကျပ်ငါးထောင်မှ ကျပ်တစ်သောင်း ကြားရှိတယ် ။ အယ်လို မဟုတ်ပဲ တယ်လီဖုန်း ဆက်ခေါ်မှ လာတဲ့ ပျော်တော်ဆက်မယ်လေးများလဲ
တစ်ဦးချင်း ဖစ်စေ ၊ အဖွဲ့ လိုက်ဖစ်စေ ရှိတေးတယ် ။ သူတို့ ရဲ့ ကြေးက တစ်ကြိမ်ပျော်ပါးလျှင် ကျပ်ငါးသောင်း မှ ကျပ်လေးသိန်း အထိရှိတယ် ။
ခေါ်တဲ့နေရာကို မိန်းမထိန်း လုပ်တဲ့သူက ကားနဲ့ လာပို့ ပီး အပြန်မှာလဲ ကားနဲ့ လာကြိုတယ် ။
နောင်ပိုင်းမှာ ပျော်တော်ဆက်မယ် အများစုက တယ်လီဖုန်း နဲ့ ပဲ အဆက်အသွယ်လုပ်ပီး ဖောက်သည်ရှိတဲ့နေရာကို လာလေ့ရှိတယ်
၁၅၀၀ တန်လေးတွေနဲ့ ပေါ့ .... facebook တို့  Hang out တို့ မှာတောင် အများကြီးပဲ ... မတိမတာ ... ခေတ်စကားနဲ့ ပြောမယ်ဆိုရင်
ကက ၊ ခခ ၊ ကခ တွေဆိုလား ...

ခု ပြောပြမဲ့ဟာက နည်းနည်းတော့ ကြော်ငြာ ၀င်တလို ဖစ်နေမလားပဲ ..
ဘာရယ်မဟုတ်ဝူး သိထားတော့လဲ ဗဟုသုတ ရှိတာပေါ့လို့  ...
http://yangonunderground.blogspot.com website မှာ ... ရန်ကုန်မှာရှိတဲ့ ကလပ် နဲ့ ဘား (၁၀) ခု အမည် နဲ့ လိပ်စာများသာမက တစ်ခုချင်းစီတွင် ရနိုင်တဲ့
ပျော်တော်ဆက်မယ် မိန်းခလေး များဈေးနှုန်းကိုပါ တင်ပေးထားတယ် .. အနှိပ်ခန်း နဲ့  ကာရာအိုကေ ခန်းတွေမှာ ပျော်တော်ဆက်မယ်လေး များရဲ့  ဈေးနှုန်းကိုပါ ရေးထားပေးတယ် .
အဆင်ပြေအောင်လို့  .... ခွီး grin emoticon

ယခင်က အနုပညာ လောက သားထဲမှာလဲ အယ်လို လုပ်ကိုင်သူ စုန်းပြုး အနည်းငယ်ရှိတယ် .. ခုရှိလား မရှိလားတော့ မပြောဝူး ...
တော်ကြာ တိုက်ခိုက်တယ် ပုတ်ခတ်တယ် ... သတင်းစာ ရှင်းလင်းပွဲတွေပါ လုပ်နေရမှာစိုးလို့  ... တချို့ အပိုင်းလေးတွေ လျှိုမှ ဖစ်မယ် ...
ဒီ ဆောင်းပါး က Shock နဲနဲ ကြီးတယ် ... လို့  ....
ဒါပေမဲ့ သိချင်ရင် Phone sex လို့ ရတယ်ဆိုလားပဲ ...
အခုချိန်မှာတော့ တချို့  CSW & ICSW တွေက အနုပညာ လောကထဲ ၀င်လာပီး သူတို့ ကိုယ်သူတို့  Model ဆိုလား အမည်တပ်ပီး လုပ်စားနေကြတယ် ..
တကယ့် အမှန်အကန် Model တွေ အနုပညာရှင်တွေကို ဆိုလိုတာတော့ မဟုတ်ဝူး ... အယ့် အလုပ်လုပ်တဲ့ သူတွေ အယ့် နယ်ပယ် ထဲကို အယ်လို ၀င်နေကြတယ်ဆိုတာ ပြောချင်ပုံပါပဲ

သူတို့ ကို ထိန်းထားတဲ့သူက အလှဖန်တီးရှင်များဆိုပီး လိင်ဆက်ဆံ ကြေး မှာလည်း ကျပ် နှစ်သိန်း နှင့် အထက် ဖစ်တယ် ။
နည်းနည်း ဖစ်ထွန်းတဲ့ skill အဆင့် နဲ့  item ရှိတဲ့ အဆင့်လောက်မှာပေါ့ ...
နာမည်ကျော် သူဌေးကြီးတွေ စီးပွားရေး လုပ်ငန်းရှင်တွေက နိုင်ငံခြားက လာတဲ့ ဧည့်သည်တွေကို ဖျော်ဖြေရန် ဆက်သွယ်နိုင်တဲ့
ထိပ်သီး မိန်းမထိန်း သုံးဦး ရှိတယ် ... ဟက်ဟက် .. မစိုးရိမ်ပါနဲ့  နာမည်တော့ ထည့်မရေးထားဝူး .... တစ်ယောက်ကို တော့ ငါလဲ တိတယ်လို့  tongue emoticon
နှစ်ဦးက အမျိုးသားတွေ ဖစ်ပီး တစ်ဦးက အမျိုး သမီး ... သူတို့ တွေဆီက ခေါ်မယ်ဆိုရင် ပျော်တော်ဆက်ခ ကျပ်ဆယ်သိန်း ကနေ သိန်းငါးဆယ် ကြားမှာရှိတယ် ။
ပျော်တော်ဆက်နဲ့ မိန်းမထိန်းတွေ သူတို့  ဝေစု နဲ့  သူတို့  ... ခွဲဝေယူကြတယ် .. တစ်ယောက်တစ်ဝက်တို့ ဘာတို့ ပေါ့ ...

တခြား Model Agency တွေကလဲ ပျော်တော်ဆက် အလုပ်ကို တရားဝင် အလုပ်လို လုပ်ကိုင်ကြတယ် ..
Agency က Model အသစ်တွေ (အထူးသဖြင့် ဆိုပီး လက်သည်းကွင်းလေးနဲ့ ရေးထားတယ် .. ဒါပေမဲ့ ပြောလို့ မဖစ်ဝူး အယ်ဒီ စာသားက အန္တာရာယ်များလို့ )
ဆိုပါစို့  ... သူတို့ တွေကိုပေါ့ သူဌေး တွေကို ထည့်ပေးလေ့ရှိတယ် .. မငြင်းမဆန် လက်ခံတဲ့သူတွေကိုပဲ ပွဲတွေမှာ သုံးတယ်ဆိုလား ..
အကွက်မြင်လာတဲ့ မော်ဒယ် တချို့ ကတော့ (တချို့ ကိုပြောတာနော် အကုန်လုံး မဟုတ်ဝူး) တော်ကြာ ကိုယ့်ကို လာတုပ်နေအုံးမယ်
စိတ်တူ ကိုယ်တူတွေ စုပီး (ခုနက CSW & ICSW Model အယောင်တွေနဲ့ ပေါ့) ကိုယ်တိုင် အုပ်စုလိုက် Clan ဖွဲ့ ပီး ပျော်တော်ဆက်မယ်လုပ်ကြတယ် ..
အယ်ဒီထဲက ဖစ်ထွန်းတဲ့ သူတွေဆိုရင် အစိုးရ အရာရှိကြီးတွေ ... သူကြီး သားတွေ ကို ဖျော်ဖြေရန် ငွေကြေး အကုန်အကျ ခံမည့် သူဌေးတွေနဲ့ အတူ နေပြည်တော် ကို တက်လာကြတယ် ...

အလားတူ Social Network facebook & Gtalk တွေမှာ မိမိကိုယ်ကို ကြော်ငြာ ပီး ရောင်းချနေတဲ့ အမျိုးတမီး များစွာလဲရှိတယ် ..
Hooker တွေ Stripper တွေ ထဲမှာ တစ်ယောက်ဆိုရင် နှစ် နာရီ ကျပ်ငါးသောင်း လို့ လဲဈေးနှုန်းကို ဗြောင်ရေးထားတယ် ..
ဒါနဲ့  ကြုံတုံး ကိုယ်တွေ့ လေး တစ်ခုတော့ နည်းနည်း ပြောပြအုံးမယ်
တခြား မြန်မာပြည်ရဲ့  ထိပ်တန်း ညစ်ညမ်း website တွေမှာဆိုရင် ... ခုခေတ်ကာလက မိမိ ဓါတ်ပုံ တစ်ပုံကို နာမည်သိရုံနဲ့  ဘယ်နေရာကနေ ယူပီး
ဖုံးနံပါတ် အမှန်ကို သိအောင်ရယူဖို့ ဆိုတာ လွယ်လွယ်လေး မို့  ... တချို့ အမျိုးသမီးတွေ နှမချင်း ၊ အမချင်း ၊ အမေချင်း မစာမနာ နာမည်ဖျက် ၊
ပုံတွေယူ နံပါတ် အမှန်တွေ စုံစမ်းပီး ... Professional ဆေးလှလှထိုးနေသူတွေလဲရှိတယ် ... ဆေးမန်းတွေပေါ့ Game ထဲမှာ ထိုးတာထက် ပြင်းတယ် ...
ကိုယ်တွေဆို ပီးခဲ့တဲ့ (၆) လလောက်က ဖုံးတောင် မဖွင့်ရဲဝူး ... တစ်မိနစ် အတွင်း နံပါတ် 60 - 80 ကြားအထိရှိတယ် ...
ကိုယ်နဲ့  အဆင်မပြေ ၊ မနာလို တဲ့သူတွေ ကြည့်မရတဲ့သူတွေ ... သောက်မြင်ကပ် ပုဒ်မ တပ်ပီး သောက်တလွဲ အသရေဖျက်ကြတာမျိုးပေါ့...
ဒဂုံ ရဲစခန်းမှာ အမှုဖွင့်ဖို့  လုပ်တော့ ... မြန်မာနိုင်ငံရဲ့  ရဲဌာနက လက်နှိပ်စက်ကနေ ကွန်ပျုတာ ခုမှ ပြောင်းသုံးတော့
သူတို့  ရဲ့  website တွေကိုတောင် (၃) ကြိမ်တိတိ အဖောက်ခံရဖူးတယ်ဆိုလား ...
ဒီလို ကိစ္စ ရပ်တွေ နဲ့ ကိုယ်တွေ့ ကြုံနေရသူတွေ ကိုယ်တစ်ယောက်တည်းမဟုတ် ... အွန်လိုင်းပေါ်မှာ ဒုနဲ့ ဒေး
တချို့ အိမ်နဲ့ အဆင်မပြေ ၊ ရည်းစား နဲ့  အဆင်မပြေ ၊ သူငယ်ချင်း နဲ့ အဆင်မပြေလို့  စိတ်ညစ် ညီးညူနေတဲ့သူတွေကို
အယ်လို အထက်ပါ ကိစ္စရပ်တွေနဲ့  ကြုံဖူးတဲ့သူတွေဆို ရယ်တာပေါ့လို့  .... ဒါကြောင့် ဘာပဲသုံးသုံး
Privacy လေးတွေ သေချာသုံးပီး ကန့် သပ်သင့်သလောက် ကန့် သပ် ... fancy လုပ်တာ ပေါ်ပင်လုပ်တာတွေက လုပ်ပေါ့ ...
ကြုံဖူးတဲ့သူတွေကို တွေ့ ရင် မေးကြည့်လိုက်ပါ ... အချိန်ကိုပဲ စောင့်ပီး ဟုတ်တာ မဟုတ်တာ နောက်ထား ... ပထမဆုံး အသရေ ဖျက်ခံလိုက်ရတာပါပဲ ...
Hate Speech တွေပပျောက်အောင် ... ထက် အယ်လို ဆေးတွေ မိနေရင်တော့ လှပီလို့  ....
အကောင်းဆုံးကတော့ ပေါ်ပင်လုပ်ချင်ရင်ပဲ ဖစ်ဖစ် ... ကိုယ့် အုပ်နဲ့  ကိုယ် ... ကိုယ့် Group နဲ့ ကိုယ် ... တပ်လှန့် ထားနိုင်မှ
အယ်လို အရာတွေ ကို အချိန်တိုတိုနဲ့ အဆင်ပြေအောင် လှုပ်ရှားလို့ ရမှာပါ ...
social network တွေသုံးပီး ခွေးတွေ လို ငါတို့ က အုပ်လိုက် မကိုက်ဝူး ...
I am only one but lion ဆိုတာတွေ ပိုအထိများတယ် .... ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ
တချို့  Note တွေဆို Privacy တွေချိုးထားလို့  သိစေချင်တဲ့သူတွေ လောက်ပဲ for show ထားတာမို့ ပါ ....

ခုနက ပျော်တော်ဆက်မယ် အကြောင်းလေး ဆက်လိုက်ရအောင် ...
ရဲတပ်ဖွဲ့ တွေ .. က ဖမ်းဆီးရမိတဲ့ ပြည့်တန်ဆာဆိုတာ ... အဆက်အသွယ် မရှိတဲ့သူ ၊ အဆက်အသွယ် မကောင်းတဲ့သူ ၊ တစ်ကိုယ်တော်ပျော်တော်ဆက်လုပ်သူများနဲ့ 
အနှိပ်ခန်း အမည်ခံထားတဲ့ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်တဲ့သူများသာ ဖမ်းခံရလေ့ရှိတာပါ ...
ဖစ်ထွန်းပီး item ရှိတဲ့ ပျော်တော်ဆက်မယ်တွေက ဘယ်သူမှ ရန်ရှာမှု မခံရပဲ စီးပွားရေး အဆင်ပြေလျက်ရှိတယ် ...

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စနစ် ပြောင်းလဲတဲ့ အထဲမှာ ပျော်တော်ဆက်လုပ်ငန်းလဲ တစ်ရှိန်ထိုး တိုးတက်ကြီးထွားလာတယ် ဆိုတာ ငြင်းလို့ မရ ၊
ပျော်တော်ဆက်လုပ်ငန်းရဲ့ နောက်ဆက်တွဲ ရောဂါကူးစက်မှုတွေကို ဘယ်လို ထိန်းချုပ်ရမလဲ ဘယ်လိုကာကွယ်ရမလဲ ဆိုတာ အသိပညာပေးဖို့ အရေးကြီးတာထက်
၁၀၀ ရာခိုင်နှုန်း ကာကွယ်မှု ရှိတယ် .. စိတ်ချရတယ်ဆိုတဲ့ အစွဲအလန်းတွေ ဖျောက်ဖို့ လဲ လိုတယ် ...
အဓိက ကတော့ လူတိုင်းကြောက်တာ HIV ရောဂါပိုးပေါ့ ... ဆင့်ကဲ ထပ်ဆင့်ဖစ်လာမဲ့ တခြား ရောဂါပိုးဆိုတာတွေက ကုလို့ လွယ်တယ်ဆိုပီး
သတိမထားမိကြတာတွေလဲရှိတယ် ... အခုနောက်ပိုင်းမှာ အရင်က အကာကွယ်မပါ ဟိုကိစ္စတွေ ဖစ်တာထက် ... အခု အကာအကွယ်တွေ သုံးဖို့ သိလာတယ်
ရှောင်သင့်တာတွေ ဆောင်သင့်တာတွေ သိလာတာကလဲ လူတွေ အမြင်ကျယ်ပီး အယ်ဒါတွေ သုံးရင်ပဲ စိတ်ရောဂါဆေးကို
ဆေးမှန်မှန် သောက်ပါလို့ ပဲ ... မှာချင်တယ် ...

တချို့ မှုခင်း စာစောင်တွေ ... ဖစ်ရပ်တချို့ တွေကို အမည်လွဲတွေ နဲ့  ရှောင်ရန် ဆောင်ရန် သိအောင် ရေးသားဖော်ပြသလို အခု ဒီဆောင်းပါးထဲမှာလဲ
မြောက်ဒဂုံက အသက် (၁၅) နှစ်အရွယ် ပျော်တော်ဆက်မယ် တစ်ဦးက "အိမ်ပေါင်တာကို ရွေးရတော့မယ့် အချိန်မှာ အမက ရည်းစား နဲ့ နေဖူးတော့ ပါကင် ဖွင့်တဲ့ အလုပ်လုပ်လို့ မရတော့ဝူးတဲ့
အမေက သမီးကို ဒီတစ်ခါ အိမ်အတွက် လုပ်ပေးပါလို့ တစ်ကြိမ်လုပ်ပေးပီးပေမဲ့ အမေက ထပ်ထပ်ခိုင်းနေလို့ ကျောင်းပိတ်ရက်တွေမှာ တစ်လကို သုံးခါလောက် ဒီအလုပ်လုပ်ရတယ် ဆိုလား
အခုတော့ အစ်မကလဲ သမီး နဲ့ တွဲပီး ဒီအလုပ်လုပ်နေတယ်လို့ ပြောတယ် ... ပျော်တော်ဆက်လုပ်နေတဲ့သူ Model လောက မှ တစ်ဦး ဆိုလျှင်
"သမီးက နယ်ကတက်လာတာ ၊ ကိုယ့်ရုပ် ကိုယ်ရည်နဲ့ ဆို အနုပညာလောကမှ အောင်မြင်မယ်ထင်လို့  .. (အယ်ဒီ ထင်လို့ ဆိုတာတွေကပဲ မှောက်ကုန်တာ များတယ်)
ဒါပေမဲ့ အိမ်ကပေးတဲ့ ငွေနဲ့ က မလောက်ဝူး ၊ ဒီမှာနေထိုင်စားသောက် စာရိတ်က မလွယ်ဝူး ၊ နာမည် နဲနဲရလာပီ လူတချို့ သိလာပီဆိုရင် အနည်းဆုံး ဂွေ လေးတော့လိုတယ်
အထူးသဖြင့် ကိုယ်က အနုပညာ လောကထဲ ၀င်တာဆိုတော့ အ၀တ်အစားက အရမ်း ၀ယ်ရတယ် ၊ သမီးရယ့် မိတ်ကပ်ဆရာ က
နင် ဒီအတိုင်းဆို ဘာမှ ဖစ်မှာ မဟုတ်ဝူးဆိုပီး ဒီအလုပ်ကို သူက ဆက်ပေးတာ ...
သူကပဲ ဈေးကို တစ်ဖက်မှာ (၁၅) သိန်းပြောပီး တောင်းတယ် .. သူ တစ်ဝက် သမီး တစ်ဝက် ယူကြတယ် ..
တစ်ခါတစ်လေတော့ သူဌေးတွေနဲ့ နိုင်ငံခြားထိ လိုက်ရတယ် .. သူဌေးတစ်ယောက်ဆို မင်းသမီး တစ်ယောက်ကို နိုင်ငံခြား သွားတိုင်းခေါ်သွားတယ်
နိုင်ငံခြားမှာက လောင်းကစား လုပ်တိုင်း အဲ့ဒီ မင်းသမီး ပါရင် နိုင်တယ်ဆိုလို့  သူဌေးက အယူရှိလို့ ခေါ်တာ ..
ပျော်တော်ဆက်ဖို့ က အဓိက မဟုတ်ဝူး ...

အလှဖန်တီးရှင် တစ်ယောက် က " သူတို့ စားဝတ်နေရေး အဆင်ပြေအောင် ဖောက်သည်ရှာပေးတာပါ ၊ ဒါပေမဲ့ ကိုယ်က တစ်ခါပဲ စားရတယ်
သူတို့ အချင်းချင်း ဖုံးနဲ့ ချိတ်ပီး နောက်ပိုင်းတွေ့ ကြတော့ ... ကိုယ်က ဘာမှ ရတော့တာ မဟုတ်ဝူး .. သိတောင် သိလိုက်ရမှာ မဟုတ်ဝူး ။
ကိုယ်က ပိုက်ဆံလိုချင်ရင် နောက်ထပ် ဖောက်သည် တစ်ယောက်ကို အသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေး .. အယ်လို ထပ်ရှာပေးရတာ ။
ဖုံးထဲမှာ သူတို့ နာမည်တွေနဲ့ ပုံတွေ ထည့်ပီး စိတ်ချရတဲ့သူဆိုရင် Viber က တစ်ဆင့်ပို့ ပေးရတယ် ..
ဟိုက ကြိုက်တာရွေးပီး ပြန်ပို့ ရင် သူတို့ ခေါ်တဲ့နေရာ လိုက်ပို့ ပေးရတယ် ..
ကိုယ်တွေဆီမှာတော့ အနုပညာ လောကထဲ ၀င်ခါစလေးတွေ များပါတယ် ..
သူတို့  Background တွေကိုလဲ ကြည့်ပီး စကားစ ရတာပေါ့ ... အမှန်က အယ်ဒါမျိုးတွေကမှ ပစ္စည်းသန့် တာ
နာမည်ကြီးချိန်ဆို ဗတ်လပိုင် လိုက်နေပီ ဆိုလား ... အယ်ဒီ အလှဖန်တီးရှင်က သူ့ အတွေ့ အကြုံတွေ ပြောပြတယ်တဲ့ ...
ဆောင်းပါးရေးတဲ့သူပဲ လုပ်ရေးတာလား ... ဒါမှ မဟုတ် .. အခြောက်ကို အရက်. မူးအောင်တိုက်ပီး စကားနှိုက်ထားတဲ့ အမှန်တွေလားဆိုတာ တော့ ...
အန္တာရာယ် များပါတယ် .... လို့  ....

ပျော်တော်ဆက်လုပ်ငန်းဆိုတာက ဘယ်နိုင်ငံမှ မကင်းဝူး ရေရှည်မှာလဲ အမျိုးသားကျန်းမာရေး ကို မထိခိုက်စေရန်
ယခုထက် ပွင့်လင်းမြင်သာတဲ့ အစီအမံတွေ ချမှတ်လုပ်ဆောင်သင့်တယ် ...ပျော်တော်ဆက်မယ်တွေကို ကျန်းမာရေး ဗဟုသုတပေးရန် အလွန်အရေးကြီးသလို
အယ်ဒီ နယ်ထဲ မကျွံအောင် ကယ်လို့ ရတဲ့သူတွေကိုလဲ ကယ်စေချင်တယ် ... လူတွေဆိုတာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့် သမိုင်းကို ရေးရတာမို့ 
ပါတ်ဝန်းကျင် ကောင်း ၊ မကောင်း ဆိုတာနဲ့ လဲ အများကြီး သက်ဆိုင်တယ် ... မိဘ အုပ်ထိန်းမှုကလဲ လွတ် ...
နဂိုကတည်းကမှ စိတ်ကလဲရှိ .. ဗီဇကလဲ ဟိုမရောက် ဒီမရောက် ၊ ပါတ်ဝန်းကျင်က ပါ ဆေးတိုက်တော့ ...
မီးပူ ထိုးထားတလားတောင် အောက်မေ့ရတယ် ... ကျွတ်ရွကုန်ရော် ...

ပျော်တော်ဆက်လုပ်ငန်းတွေ တရှိန်ထိုး တိုးတက်လာတော့ အစိုးရကလဲ ကွန်ဒုံးကြော်ငြာတာ အေအိုင်ဒီအက်စ် နဲ့ ပါတ်သက်ပီး အသိပေးတာတွေကို
ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ခွင့်မပြုခဲ့ ... ဆက်သွယ်ရေး နဲ့  ပြန်ကြာရေး ပိုင်းတွေမှာဆိုရင်လဲ
ဟို လစဉ်သုံးကြော်ငြာတွေ တစ်ချက်တစ်ချက် တက်တက်လာသလို အသိပေး ပညာပေးဇာတ်လမ်းတွေ
ဒီထက် ပိုကောင်းပီး ထိရောက်တဲ့ အသိပညာတွေ ..
အယူအဆ အမှားတချို့ ကိုလဲ ဖျောက်ဖျက်စေချင်တယ် ... မသိရင် မေး ၊ ကျိတ်ပီး ထင်လို့ ဆိုတာတွေနဲ့  ပဲ
မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ များလာတယ်ဟု သူ့ အမြင်ကိုလဲ ပြောပြခဲ့တယ် ...

လူမှုရေး လုပ်ငန်း စေတန ၀န်ထမ်း လုပ်ကိုင်နေသူ တစ်ဦးကလဲ "ဘယ်သူကမှ မွေးကတည်းက ပျော်တော်ဆက်မယ် လုပ်စားမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက်ထားမှာ မဟုတ်ဝူး
အခြေအနေ အမျိုးမျိုးကြောင့် သူတို့ ဒီအလုပ်လုပ်ကို လုပ်ဖစ်ရတာ ၊ ဒီ အလုပ်ကို လုပ်ပီးမှလဲ တခြား အလုပ်ကို သူတို့ ပြောင်းမလုပ်ချင်ကြတော့ဝူး
သွေးသားဆန္ဒကို ဖြေဖျောက်နိုင်ရင်း တစ်ချိန်တည်းမှာ ဒီအတွက်က ငွေရနေတာကို ...
တချို့ အကြောင်းပြချက် လှလှလေးတွေ ပေးကြပါလိမ့်မယ် ... ဘာပဲ ဖစ်ဖစ် ကိုယ်ဖစ်ကိုယ်ခံ .. ကိုယ်မနပ် ရင် ကိုယ်ခံ ခေတ်ကြီးမို့  ...
အခံကြီးပဲ တစ်ကားရိုက်နေရတဲ့သူတွေ ... ဒီအတော အတွင်း
ရောဂါပိုး ကူးစက်ခံရတာတွေ ၊ STD အကြောင်း သိအောင်ပညာပေးဖို့ လဲ လိုတယ် ...
အထူးသဖြင့် ပျော်တော်ဆက်မယ် ဘ၀မရောက်ခင် ရအောင် တားနိုင်ရင် တား ... မတားနိုင်ရင်တော့ သေတဲ့အထိ ဒီအထဲက ပြန်မထွက်နိုင်တော့ဝူး ....

ဆက်သွယ်ရေး စနစ်တိုးတက်ပီး လူတိုင်း လက်ကိုင်ဖုန်းကိုင်နိုင်တဲ့ အချိန်မှာ စီးပွားရေးအတွက် ယခင်ကထက် ငွေရှာရန် ပိုမိုလိုအပ်လာချိန် ၊
ပြည်တွင်းသို့  နိုင်ငံခြားသား များ ပိုမို ၀င်ရောက်လာချိန် ၊ နည်းပညာကြောင့် အသစ်အဆန်းတွေ အချိန်နဲ့ အမျှပေါ်လာချိန်မှာ အကြောင်းအမျိုးမျိုးကြောင့်
ပျော်တော်ဆက်မယ် ဘ၀ ရောက်ရှိသွားသူတွေ တစ်သိန်း ကျော် ရန်ကုန်မြို့ မှာ ရှိတယ်လို့  ....
ရန်ကုန် မြို့ နေ လူဦးရေ အရေအတွက် အရ တွက်မယ်ဆိုရင် လူ အယောက် (၈၀) မှာ တစ်ယောက် နှုန်း က ပျော်တော်ဆက်တွေ ဖစ်နေပီဆိုတာပါပဲ ...

Credit - ဆောင်းပါးများ အမြောက်အများကို အချိန်ကုန်ခံဖတ်ပြီး ပညာပေးဆောင်းပါးကောင်းတစ်ပုဒ် ဖန်တီးပေးတော့ ကိုသူရအောင် ကိုအရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။
No comments:
Post a Comment