Monday, May 11, 2015

အစွန်းရောက်မှုတွေ အဆုံးသတ်ပါစေ






Aamir Khan ကို အရမ်းကျေးဇူးတင်မိတယ်။ သူပိုက်ဆံရဖို့တစ်ခုတည်း မကြည့်ပဲ ကလေးငယ်တွေအတွက် မိဘတွေမှားယွင်းစွာ အုပ်ချုပ်ပညာသင်တဲ့ပုံစံ Every Child is Special ဆိုတဲ့ ရုပ်ရှင်ကား လူငယ်တွေရဲ့ ရည်မှန်းချက်တွေကို မိဘတွေက မွေးဖွားစဉ်ကတည်းက ဖိအားပေးတဲ့ အပြုအမူတွေကို မှားယွင်းကြောင်းထောက်ပြတဲ့ 3 idiots ဆိုတဲ့ရုပ်ရှင်ကား လူတွေရဲ့ ဘာသာရေးအပေါ် အကြောက်တရားစိုးမိုးကာ မှားယွင်းသော ကိုးကွယ်မှုတွေ လုပ်ဆောင်ချက်တွေကို ထောက်ပြတဲ့ PK ဆိုတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့လို့ပါ။
သူရဲ့ စိတ်ဓါတ်ဘယ်လိုရှိတယ်ဆိုတာ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေက သက်သေတွေထူနေသလိုပါပဲ။ သူဟာ သူရိုက်ကူးလို့ရတဲ့ ပိုက်ဆံရဲ့ သုံးပုံ ၁ ပုံကို မိဘမဲ့ကလေးတွေ ပညာသင်ကြားဖို့ ငွေကြေးလိုအပ်နေတဲ့ ကလေးတွေကို ထောက်ပံ့နေတဲ့အကြောင်းကို ကြားသိလိုက်ရတော့ အလွန်ကို လေးစားမိတာ အမှန်ပါပဲ။
သူဟာ အစ္စလန် ဘာသာဝင် မူဆလင်တစ်ဦးပါ။ ဒါပေမယ့် သူဟာ ပြင်းထန်တဲ့ အစွန်းရောက်တွေလို မဟုတ်ပါဘူး။ အဲဒီမှာ ကျွန်တော်စဉ်းစားမိတာပါ။ လူတွေက ဘာသာတရားအပေါ် ဘယ်လို အသုံးပြုသလဲဆိုတာသာ အဓိကပါ ဘာသာတရားက အဓိက မဟုတ်ပါ။ ဆိုလိုချင်တာက ဘာသာရေးကို ခုတုန်းလုပ်ပြီး စိတ်ဓါတ်တွေပြင်းပြနေတာ အသေခံ ဗုံးခွဲနေတာ လူတွေကို သတ်ဖြတ်နေတာဟာ လူတွေရဲ့ အကြမ်းဖက်စိတ်ဓါတ်နဲ့သာ သက်ဆိုင်ပါတယ်။ ထို့အတူပဲ ဗုဒ္ဓဘာသာဝင် အမည်သာခံနေတာ ထစ်ခနဲဆို ခုတ်မယ် ထစ်မယ်ဆိုတဲ့လူတွေ ဘုရားကို ကန်တော့တယ် အမည်ခံပြီး ဘုရားစင်မှာ ဘိုးတော်တွေ နတ်တွေကို တကိုင်းတည်းထားပြီး ဆုတောင်းကန်တော့နေတာ ဘုရားကို ကန်တော့ပွဲတွေပေးပြီး ပါးစပ်က တတွတ်တွတ်ဆုတောင်းနေတာ ဗုဒ္ဓဘာသာအမည်ခံပြီး နတ်ကနားပွဲပေးနေတာတွေ အလှူရှင်ပြု အမည်ခံပြီး လူတွေကို ထမင်းကြွေးမယ်အမည်ခံပြီး အသက်ပေါင်းများစွာ သတ်ဖို့ ဈေးဝယ်နေတာတွေ အခြားသော အလွဲတွေ အများကြီးပါ။
ဒါကြောင့် လောကကြီးမှာ Aamir Khan လို မူဆလင်ဘာသာဝင်တွေ များမယ်ဆိုရင် ဘာသာကြီးတွေကြား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေ ဘာသာရေးအထိကရုံးတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေ တစ်ခုမှ ရှိမှာ မဟုတ်တော့ပါဘူး။
ကျွန်တော်မြင်တာကတော့ မူဆလင်ဘာသာဝင်တိုင်းကို ရန်သူလို မဆက်ဆံသင့်သလို အစွန်းရောက်အဖျက်သမားတွေ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ အရိုင်းအစိုင်းတွေကို ပြည်တွင်းနေ မြန်မာမူဆလင်တွေက ဆန့်ကျင်သင့်ပါတယ်။ ဒါဆိုရင် မြန်မာပြည်မှာ ဘာသာရေး အထိကရုံးတွေ အတော်လေး နည်းပါးသွားမယ်မြင်ပါတယ်။ အခုဖြစ်နေတဲ့ ကိစ္စတွေက ဘင်္ဂလီတွေက စတဲ့ပြသနာပါ ဒါကို ချဲ့ကားရင်း ဘာသာရေးအထိကရုန်းအထိ ဆွဲခေါ်နေကြတဲ့ အဖျက်သမားတွေ အများအပြားပါ။ ဘင်္ဂလီတွေနဲ့ အဓိကပြသနာ ဖြစ်လာစေတာက လဝကနဲ့ နစကပါ။ ယခင် အစိုးရ အဓိက တာဝန်ရှိပါတယ်။
ခုမှ ဟိုလက်အုပ်ချီ ဒီလက်အုပ်ချီ ပုံစံတွေပြပြီး လှုံ့ဆော်တာတော့ ယုတ်ညံ့လွန်းပါတယ်။ လက်ရှိ လွှတ်တော်မှာ ဘင်္ဂလီတွေကို အမတ်အဖြစ် တင်သွင်းခဲ့တာ ခန့်အပ်ခဲ့တာ ဘယ်ပါတီက တာဝန်ရှိသူတွေပါလဲ။ နိုင်တို့ ရှိုင်းတို့လို ဘင်္ဂလီတွေကို မှတ်ပုံထင်ထုတ် သူဌေးအဖြစ်သတ်မှတ် အလကားရှယ်ယာ ၂၅ ရာနှုန်းကိုယူပြီး စီးပွားရေးလုပ်ခွင့်တွေပေး မောင်တောကနေ ဒေါ်လာတွေ မှောင်ခို သွင်းခွင့်ပေးခဲ့တာ ဘယ်အစိုးရပါလဲ။ ကိုယ်တိုင်တော့ လုပ်တုန်းကလုပ်ပြီး ကိုယ့်ပြိုင်ဖက်ကို ဘာသာရေးဗန်းပြပြီး နှိပ်ကွပ်နေတာက အတော် ယုတ်ညံ့တဲ့ အလုပ် ယောကျာ်းမပီသတဲ့ အလုပ်လို့ မြင်ပါတယ်။
ဘာသာရေး အစွန်းရောက် စိတ်ဓါတ်တွေ ပျောက်ကင်းပါစေ မြန်မာပြည်
သစ္စာ
၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက်

No comments:

Post a Comment